ငွေကြေးအကျပ်အတည်းကြုံခဲ့စဥ် တက္ကစီမောင်းခဲ့ဖူးတယ်လို့ ပူတင်က ပြောပါတယ်

ရုရှားသမ္မတ ဗလာဒီမာပူတင်က ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက်ပိုင်း ငွေကြေးအကျပ်အတည်းကြုံခဲ့စဥ် တက္ကစီမောင်းခဲ့ဖူးကြောင်း လတ်တလော ပြုလုပ်ခဲ့တဲ့ သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

တက္ကစီမောင်းတဲ့အကြောင်း ပြောရတာကို မကြိုက်ဘူးလို့လည်း ပူတင်က ဝန်ခံထားပါတယ်။ ယခင်က မသိထားကြတဲ့ အသေးစိတ်အကြောင်းအရာတွေကို 'Recent History' အမည်ရှိ မှတ်တမ်းရုပ်ရှင်အတွက် ရိုက်ကူးမှုအတွင်း သမ္မတပူတင်က မျှဝေခဲ့ပါတယ်။ အဆိုပါ မှတ်တမ်းရုပ်ရှင်ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ရုရှားမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေကို ပြန်လည်သုံးသပ်ထားပါတယ်။



(၂၀၁၀ ခုနှစ်က Lada ကားတစ်စီးကို စမ်းသပ်မောင်းနှင်ရန်ပြင်နေသည့် ပူတင်) (Photo: Getty Images)

မှတ်တမ်းရုပ်ရှင်ထဲမှာ ၁၉၉၁ ခုနှစ်က ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားခဲ့ပြီး တုန်လှုပ်စရာ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာမှုနဲ့ မျက်မှောက်ခေတ် ရုရှားနိုင်ငံ ပေါ်ထွန်းလာမှုအကြောင်း ပုံဖော်ထားပါတယ်။ 'Recent History' မှတ်တမ်းရုပ်ရှင်ရေးဟာ ၄ နှစ်ကြာခဲ့ပြီး Russian TV မှာ ပထမဆုံး ထုတ်လွှင့်ပြသသွားမှာဖြစ်ကာ စနေနေ့ (ဒီဇင်ဘာ ၁၁ ရက်) က ကြော်ငြာပြသခဲ့တယ်လို့ ဆိုပါတယ်။

ပူတင်ဟာ ၁၉၉၆ ခုနှစ်မှာ ထိုစဥ်က ၎င်းရဲ့အကြီးအကဲ Anatoly Sobchak က စိန့်ပီတာစဘတ်မြို့တော်ဝန် နေရာအတွက် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် အချိန်ပိုင်း တက္ကစီမောင်းသူအဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်လို့ ၂၀၁၈ ခုနှစ်အတွင်း ပြောခဲ့ပါတယ်။ Sobchak ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် ပူတင်ကို မော်စကိုမြို့ရှိ သမ္မတရုံးအဖွဲ့မှာ အလုပ်လုပ်ရန် ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

(Anatoly Sobchak နှင့် ပူတင်) (Photo: AP)

ပူတင်က ထိုအလုပ်ကို လက်ခံခဲ့ပြီး ၎င်းရဲ့ဇာတိမြို့ စိန့်ပီတာစဘတ်ကနေ ရုရှားမြို့တော် မော်စကိုသို့ ရွှေ့ပြောင်းလာခဲ့ကြောင်း သိရပါတယ်။ 'Recent History' မှတ်တမ်းရုပ်ရှင်ထဲမှာ သမ္မတပူတင်က နောက်ထပ် အံ့အားသင့်စရာတစ်ခုကိုလည်း ထုတ်ပြောခဲ့ပါသေးတယ်။

၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အနည်းဆုံး အမေရိကန် CIA အေးဂျင့်တစ်ဦးဟာ ရုရှားအစိုးရကို အကြံပေးပုဂ္ဂိုလ်အဖြစ် အလုပ်လုပ်ခဲ့တာကို သိခဲ့တယ်လို့ သမ္မတပူတင်က ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ထောက်လှမ်းရေး အေးဂျင့်တွေက ရုရှားရဲ့အာဏာပိုင်အဖွဲ့အတွင်း စိမ့်ဝင်ခဲ့ကြောင်း၊ သို့သော် ၎င်းက ထိုအေးဂျင့်တွေကို ရှင်းထုတ်ခဲ့တယ်လို့ ပူတင်က မှတ်တမ်းရုပ်ရှင်ထဲမှာ ပြောခဲ့ကြောင်း RT သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က