အသက်က အရမ်းကွာတယ်။

ဟန်နာယူရီ က အိစိကွေးနဲ့ သူ့ရဲ့ ဆက်ဆံရေးကို မီဒီယာတွေကနေတဆင့် ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူတို့ နှစ် ယောက် ကလည်း အန်တီနဲ့ တူလေးအရွယ်လောက်အထိ အသက်ကွာတယ်လို့ ဆိုပါတယ်။

 

သရုပ်ဆောင် အိစိကွေး နဲ့ မိတ်ကပ်အလှဖန်တီးရှင်မလေး ဟန်နာယူရီတို့ တွဲနေတာလား ဆိုတဲ့ သတင်းတွေ အပေါ် ဟန်နာယူရီက မီဒီယာ တွေကနေ တဆင့်ပြောပြလာပါတယ်။ အိစိကွေးနဲ့လည်း MTV ရိုက်နေတဲ့ အချိန်မှာပဲ ရင်းနှီးမှုရှိခဲ့တယ် ဆိုတာကိုလည်း အခုလိုပြောပြလာပါ သေးတယ်။

''သူ့ MTV ရိုက်ဖို့ အကူအညီတောင်းတဲ့အတွက် ရိုက်ပေးဖြစ်လိုက်တယ်။ အနုပညာရှင်အချင်းချင်းမှာလည်း စည်းထားတယ်၊ ခံစားချက်မရှိပါ ဘူး။ ကိုယ်က အလုပ်လုပ်နေရတဲ့အတွက် အများကြီးနဲ့သရုပ်ဆောင်နေရတယ်။ အကုန်လုံးနဲ့ပေါင်းသင်းဆက်ဆံနေရတဲ့အတွက် Parsonal နဲ့ အလုပ်ကို သီးသန့်ထားပါတယ်။ အလုပ်လုပ်စရာရှိတာလုပ်တယ် ပြီးရင် ပြီးသွားတာပါပဲ'' လို့ သူကဆိုပါတယ်။

Photo: အိစိကွေးဖေ့စ်ဘွတ်

 

ဟန်နာယူရီ နဲ့ အိစိကွေး တို့က အသက်အများကြီးကွာတယ်လို့ ဆိုပါတယ်။ ဒီအတွက်ကြောင့်လည်း MTV ရိုက်ကူးရေးမှာ အတူတွဲ သရုပ် ဆောင်ဖို့ကို အခက်အခဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အိစိကွေးကိုယ်တိုင် ရေးထားတဲ့ ''အလွမ်းရဲ့ အရသာ'' ဆိုတဲ့ MTV ထဲမှာ ဟန်နာယူရီက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

'' MTV ရိုက်တဲ့ ၂ ရက်ပဲ သူ့ကို တွေ့ဖူးပါတယ်။ MTV ရိုက်ဖို့ လာကမ်းလှမ်းတုန်းကဆိုရင် ယိင်းထက် အသက်အရမ်းငယ်တယ်။ အသက်က လည်း အန်တီနဲ့ တူလေး လောက်အထိကို အရမ်းကွာတော့ အဆင်ပြေပါ့မလားပေါ့နော်။ Story လေးကို အရင်ကြည့်တယ် မောင်လေး က လည်း ကူညီပေးပါ ဆိုတာနဲ့ ကူညီပေးဖြစ်သွားတာပါ'' လို့ သူကဆိုပါတယ်။

Photo: ဟန်နာယူရီဖေ့စ်ဘွတ်

 

အလွမ်းရဲ့ အရသာ ဆိုတဲ့ Music MTV လေးဟာ အိစိကွေးရဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ ရေးဖွဲ့ထားတဲ့ သီချင်းဖြစ်တယ်လို့ ဟန်နာယူရီက ပြောပါ တယ်။ အိစိကွေးရဲ့ အရင်ကောင်မလေးပုံစံအတိုင်း ပါဝင်သရုပ်ဆောင်ရတယ်လို့လည်း ဆိုပါတယ်။

'' သူကတော့ သူ့ရဲ့ အရင်ရည်းစားပေါ့ နိုင်ငံခြားထွက်သွားတဲ့ ကောင်မလေးကို သတိရပြီးတော့ ရေးထားတဲ့ သီချင်းလေးပေါ့။ တော်တော်များ များက အဲ့ကောင်မလေး ပုံစံလိုမျိုးပေါ့နော်။ အဲ့ဒါရိုက်နေတဲ့အတွင်းမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု သိပ်မဖြစ်ဘူး။ သူက အသက်အရမ်းငယ် တော့လေ'' ဆိုပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့ က IPhone Xs မိတ်ဆက်ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: ဟန်နာယူရီဖေ့စ်ဘွတ်

 

ဟန်နာယူရီ နဲ့ အိစိကွေး တို့ ရဲ့ သတင်းကိုတော့ အိစိကွေးရဲ့ ကိုယ်ပိုင်သီချင်းဖြစ်တဲ့ '' အလွမ်းရဲ့ အရသာ'' ဆိုတဲ့ MTV ရိုက်ကွင်းပေါ်က ဓာတ် ပုံတွေ တက်လာကတည်းကပရိသတ်တွေ စောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။ အောက်တိုဘာ(၁၆) ရက်နေ့က အိစိကွေး Crush နေတဲ့ ကောင်မလေးပုံကို တင်ပြီး ပရိသတ်တွေကို စနောက်လိုက်ပါသေးတယ်။ ကောင်မလေးရဲ့ ဓာတ်ပုံကို စတစ်ကာ အုပ်ထားခဲ့ပေမယ့်လည်း အဲ့ဒီ ကောင်မလေးဟာ ဟန်နာယူရီမှန်းအကုန်လုံး သိခဲ့ကြပါတယ်။

 

Share

Loading Next Article...
က္က