Honor 7s ကဘာလို့ ကျောင်းသား၊ကျောင်းသူတွေအတွက်အသင့်လျော်ဆုံးလဲဆိုတာကို တစ်ချက်ချင်းကြည့်ုလိုက်ရအောင်။

36391967_2136487723275758_4499088232377483264_n.jpg 

စမတ်ဖုန်းတွေကို ဒီနေ့ခေတ်မှာ ဆက်သွယ်ရေးအတွက်သက်သက်မဟုတ်ဘဲ ဖျော်ဖြေရေးနဲ့ ပညာဗဟုသုတတွေရှာမှီးတဲ့ နေရာမှာပါ အသုံးချလာနေကြပါပြီ။ ကျောင်းသား၊ကျောင်းသူတွေဆိုရင်လည်း စမတ်ဖုန်းကို သီချင်းနားထောင်၊ ရုပ်ရှင်ကြည့်၊ဂိမ်းဆော့ စတဲ့ဖျော်ဖြေရေးအတွက်သာမကဘဲ ပညာသင်ကြားရာမှာနဲ့ ဗဟုသုတတွေရှာမှီးတဲ့နေရာမှာပါ ထိထိရောက်ရောက်အသုံးချလာနိုင်ကြပါပြီ။ ဒါဆိုရင် ကျောင်းသား၊ကျောင်းသူတွေအတွက် အသင့်လျော်ဆုံးစမတ်ဖုန်း တစ်လုံးက ဘာများဖြစ်မလဲလို့မေးလာခဲ့ရင် Honor 7s လို့ပဲ ချက်ချင်းအကြံပြုလိုက်ချင်ပါတယ်။ Honor 7s ကဘာလို့ ကျောင်းသား၊ကျောင်းသူတွေအတွက်အသင့်လျော်ဆုံးလဲဆိုတာကို တစ်ချက်ချင်းကြည့်ုလိုက်ရအောင်။

(၁) ဈေးနှုန်း

ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ဈေးနှုန်းမြင့်မားတဲ့စမတ်ဖုန်းကြီးတွေကိုင်မယ်ဆိုရင် ပျောက်ဆုံး၊ပျက်စီးနိုင်ချေများတဲ့ အပြင် လုယက်သူတွေနဲ့တွေ့ခဲ့ရင် လူပါအန္တရာယ်တွေ့နိုင်ပါတယ်။ Honor 7s ရဲ့ဈေးနှုန်းက ၁၃၉၀၀၀ ကျပ် ပဲရှိပင်မဲ့ အကြမ်းခံအောင် တည်ဆောက်ထားတဲ့ အတွက် လှုပ်လှုပ်ရှားရှား လုပ်တတ်တဲ့ ကျောင်းသား များအတွက် အစဉ်ပြေစေမှာပါ။ ဈေးနှုန်းကသက်သာပေမယ့် ဖုန်းရဲ့အရည်အသွေးကမနိမ့်ဘူးဆိုတာ ဆက်ပြောမယ့်အချက်တွေမှာတွေ့နိုင်ပါတယ်။



(၂) ဒီဇိုင်း

Honor 7s ရဲ့ဒီဇိုင်းက မြင်လိုက်ရုံနဲ့ ခေတ်မီပြီး လူငယ်ဆန်မှုကိုပေါ်လွင်စေမှာပါ။ Honor ရဲ့ကိုယ်ပိုင်သတ္ထုကိုယ်ထည် ဒီဇိုင်းကို ပလတ်စတစ်နဲ့အစားထိုးထားတာကြောင့် အဆင့်အတန်းမြင့်စမတ်ဖုန်းတစ်လုံးရဲ့အသွင်အပြင်ကိုခံစားမိစေ ပါတယ်။ ညာဘက်မှာ ပါဝါနဲ့ အသံအတိုးအကျယ် Button တွေပါဝင်ပြီး ဘယ်ဘက်မှာ Sim Card Slot ပါဝင်ပါတယ်။ Sim ကဒ် ၂ ကဒ်အပြင် SD ကဒ်အတွက်နေရာသက်သက်ပါဝင်တာကြောင့် Sim ကဒ် ၂ ကဒ်တပြိုင်တည်းသုံးနိုင်သလို SD ကဒ်ထည့်ပြီး ဒေတာတွေအများကြီးထပ်သိမ်းနိုင်တာကြောင့် ကျောင်းသား၊ကျောင်းသူတွေနဲ့ ကွက်တိပါပဲ။ ဖုန်းရဲ့မျက်နှာပြင်က ၅.၅ လက်မဆိုပေမယ့် လက်ထဲမှာအကြီးကြီးဖြစ်မနေဘဲ လက်တစ်ဖက်ထဲနဲ့ အလွယ်တကူ အသုံးပြုနိုင်တာကလည်း အားသာချက်ပါပဲ။

 

(၃) Display

Honor 7s ကယနေ့ခေတ်စားနေတဲ့ မြင်ကွင်းကျယ် 18:9 မျက်နှာပြင်အချိုးနဲ့ဖြစ်ပြီး 720 x 1440p HD Display နဲ့ ဖြစ်တာကြောင့် ပေးရတဲ့ဈေးနဲ့တကယ်တန်တဲ့ ရုပ်ထွက်အရည်အသွေးကိုပိုင်ဆိုင်ပါတယ်။ View More , Hear More ဆိုတဲ့အတိုင်း ၅.၅ လက်မကျယ်ပြန့်တဲ့မျက်နှာပြင်နဲ့ဖြစ်တာကြောင့် ဖုန်းကိုအချိန်ကြာကြာကြည့်မိလို့ မျက်လုံးထိခိုက်မှာ စိုးရိမ်စရာမလိုပါဘူး။ ကာလာတွေ၊ Viewing Angle တွေကလည်းလန်းပါတယ်။

(၄) ဘက်ထရီ

3020 mAh ဘက်ထရီနဲ့ဖြစ်ပြီး အားအပြည့်သွင်းထားမယ်ဆိုရင် ပုံမှန်အသုံးပြုသူတစ်ယောက်အနေနဲ့ တစ်ရက်ကျော် အသုံးခံပါတယ်။ ခန၊ခနအားသွင်းနေဖို့မလိုတာကြောင့် ကျောင်းတွေ၊ကျူရှင်တွေနဲ့ အပြင်ထွက်နေရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆင်ပြေစေမှာပါ။

(၅) ကင်မရာ

အနောက်ဘက်ကင်မရာ 13MP နဲ့အရှေ့ဘက်မှာ 5MP Selfie ကင်မရာတို့ပါဝင်ပါတယ်။ ၁၂၉၀၀၀ ဆိုတဲ့ဈေးမှာ ဒါဟာ ကောင်းမွန်တဲ့ကင်မရာအရည်အသွေးဖြစ်ပြီး ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့လည်း သင်ခန်းစာတွေကို ဓါတ်ပုံရိုက်ယူ ဖို့လိုအပ်ရင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့အမှတ်တရဓါတ်ပုံတွေရိုက်ဖို့ပဲဖြစ်ဖြစ် အဆင်ပြေပြေရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

(၆) စွမ်းဆောင်ရည်

Mediatek MT6739 ပရိုဆက်ဆာနဲ့ RAM 2GB ပါဝင်တာကြောင့် Graphic နဲ့ CPU တောင်းဆိုမှုအရမ်းမြင့်မားတဲ့ App တွေ၊ ဂိမ်းတွေမသုံးရင် ပုံမှန် ဖုန်းပြော၊ Facebook နဲ့အင်တာနက်သုံး၊ သီချင်းနားထောင်၊ရုပ်ရှင်ကြည့်တာနဲ့ တခြားလုပ်ဆောင်စရာတွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်တဲ့အစွမ်းရှိပါတယ်။

(၇) အသံအရည်အသွေး

Honor 7s မှာ ထူးထူးခြားခြားအနေနဲ့ Earpiece မှာ Loud Speaker သုံးပေးထားတာကိုတွေ့ရပါတယ်။ ဒါကြောင့် အားသာချက်အနေနဲ့ အသံထွက်ကျယ်ပြီး ကြည်ကြည်လင်လင်ကြားရပါတယ်။ BesLoudness ဆိုတဲ့ Sound Effect ပါဝင်တာကြောင့်ဖုန်းလာတဲ့အခါ Ringtone သံကိုကျယ်ကျယ်လောင်လောင်ကြားရပါတယ်။ ဒါကြောင့် ဆူညံတဲ့နေရာတွေ မှာရောက်နေလည်း Miss Call ဖြစ်သွားတာမျိုး၊ ဖုန်းပြောတဲ့အချိန် ဟိုဘက်ကပြောတာကိုမကြားရတာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။ ဒါကလည်း ကျောင်းသား၊ကျောင်းသူတွေအတွက် အဆင်ပြေစေတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဒီ အချက် ၇ ချက်ကြောင့် Honor 7s ကိုကျောင်းသား၊ကျောင်းသူတွေအတွက် အသင့်လျော်ဆုံး စမတ်ဖုန်းတစ်လုံးအဖြစ် သုံးသပ်အကြံပြုလိုက်ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က