ပြင်ဆင်ဖို့ နောက်ကျခဲ့လေပြီတဲ့။

"သားတစ်ခုခုလုပ်မိတိုင်း အပြောခံရတယ် ကိုယ့်သားသမီးအပြောခံရတိုင်း မိဘက ခံစားရ တယ်။ သားကြောင့် ဘယ်သူဘာ ပြောပြော ခေါင်းငြိမ့်သည်းခံပြီး ဘယ်သူ့ကိုမှ ပြန်ပြောလို့မရတဲ့ဘဝကိုရောက်စေလို့ သားတောင်းပန်ပါတယ်"  တဲ့။

Photo : အိစိကွေး FB

 

ငယ်စဉ်ဘဝကတည်းက အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့ အိစိကွေးဟာ အခုချိန်မှာ သူ့အနေနဲ့ သာမန်လူတစ်ယောက်အဖြစ် ပျော်ပျော်ရွှင်ရွှင် နေချင်တယ်လို့ ဆိုလာပါတယ်။ စိတ်ညစ်တဲ့အခါတိုင်းမှာ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ရင်ဖွင့်လေ့ရှိတဲ့ အိစိကွေးဟာ အခုလည်း သူ့ရဲ့ ခံစားချက် တစ်ချို့ကို ရင်ဖွင့်ထားတာတွေ့ရပါတယ်။

"မားမား သားမှားသွားပြီ။ ငယ်ငယ်က သားသာ မားမားဆီမှာ ရုပ်ရှင်ရိုက်ချင်တယ်လို့ မပူဆာခဲ့ရင်သားဘဝကို လွတ်လပ်စွာဖြတ်သန်းရမှာ သာမန်ကလေးတစ်ယောက်ရဲ့ဘဝ ကို ရမယ်။ ပုံမှန်ကျောင်းတက် သူငယ်ချင်းတွေနဲ့အတူ ကစား ပျော်ပါးသားဘာလုပ်လုပ်ဘယ်သူမှ ဂရုမစိုက်ပဲ အရမ်းကိုလွတ်လပ်တဲ့ဘဝ ကို သားရမှာ အန္တရာယ်များတဲ့ရိုက်ကွင်းတွေမှာ မားမားသားကိုစိတ်ပူစရာလိုမှာမဟုတ်ဘူး။ မားမားတို့ လည်း သားကြောင့်နဲ့ အလုပ်ရှုပ်မှာမဟုတ်ဘူး။ မားမားရဲ့ စီးပွားရေးကို မားမားသေချာလုပ်နိင်မှာသားကိုလည်း ဘယ်သူမှ ဝိုင်းဆဲကြ မှာမဟုတ် လို့မားမားလည်း စိတ်ညစ်ရမှာ မဟုတ်ဘူး" ဆိုပြီး ပြောထားပါတယ်။

Photo : အိစိကွေး FB

 

ထို့အပြင် သူ့ကြောင့် စိတ်ညစ်နေရတဲ့ မိခင်ကိုလည်း သူ့အနေနဲ့ တောင်းပန်ကြောင်း ပြောထားပါသေးတယ်။

"အခုတော့ သားကြောင့်နဲ့ မားမား ခံစားရတယ်။သားတစ်ခုခုလုပ်မိတိုင်း အပြောခံရတယ် ကိုယ့်သားသမီးအပြောခံရတိုင်း မိဘက ခံစားရ တယ်။ သားကြောင့် ဘယ်သူဘာပြောပြော ခေါင်းငြိမ့်သည်းခံပြီး ဘယ်သူ့ကိုမှ ပြန်ပြောလို့မရတဲ့ဘဝကိုရောက်စေလို့ သားတောင်းပန်ပါတယ်" ဆိုပြီး အောက်တိုဘာ(၂၀) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

Photo : အိစိကွေး FB

အိစိကွေးနဲ့ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ ဟန်နာယူရီ 

ပြန်ပြင်ဆင်ဖို့ နောက်ကျနေပြီဆိုပေမယ့်လည်း ပြင်ဆင်ခွင့်ရသေးရင်  အိစိကွေးမဟုတ်ပဲ သာမန်လူအဖြစ် ပျော်ပျော်ရွှင်ရွှင်နေချင်တယ်ဆိုပြီး ပြောထားပါသေးတယ်။

"ပြန်ပြင်ဆင်ဖို့နောက်ကျနေပြီဆိုပေမယ့်ပြင်ဆင်ခွင့်ရသေးရင် အိစိကွေးမဟုတ်ပဲ သာမန်လူတစ်ယောက်အဖြစ် ကိုကိုအောင်အနေနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်တယ်ဗျာ '20/10/2018 Ko Ko Aung'" ဆိုပြီး ဆက်လက်ရေးသားထားပါတယ်။

Photo : အိစိကွေး FB

 

သူရေးထားတဲ့ စာကိုဖတ်ပြီး ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်နေကြသလို ရှေ့ဆက်လျှောက်လှမ်းဖို့အတွက် အားတင်းထားဖို့၊ ကြိုးစားဖို့ ကောမန့်တွေမှာ အားပေးစကားတွေ ပြောထားကြပါတယ်။ကလေးသရုပ်ဆောင်အရွယ်ကတည်းကနေ အနုပညာအလုပ်တွေ လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။

သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။

Photo : အိစိကွေး FB

 

ငယ်စဉ်ကတည်းက ပရိသတ်တွေ အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့ အိစိကွေးက သူ့ရဲ့ ပရိသတ်တွေအတွက် အနုပညာရသအသစ်တွေ ပေးစွမ်းနိုင် အောင် ကြိုးစားလျက်ရှိပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ မရှိတဲ့ အချိန်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူဝါသနာပါတဲ့ ဂီတဘက်ကို ဆက်လက်ပုံဖော်နေသူလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း "အလွမ်းရဲ့အရသာ" ဆိုတဲ့ သီချင်းကို ပရိသတ်တွေ နားဆင်နိုင်ဖို့ အွန်လိုင်းမှာ တင်ပေးထားပါသေးတယ်။

Share

Loading Next Article...
က္က