ဒီနေ့ (အောက်တိုဘာ၂၁ရက်)က အဆိုတော် Wai လျှံရဲ့ အမြွှာသားလေးနှစ်ယောက်မွေးနေ့လေးပါ။ (၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ အမြွှာသား လေးနှစ်ယောက်ရဲ့ မွေးနေ့လေးမှာ သားသားတို့နဲ့အတူ ဖေဖေ၊မေမေတို့က အလှူအတန်းတွေ ပြုလုပ်ပေး နေတာတွေ့ရပါတယ်။
Photo : wai လျှံ FB
ဒီနေ့ (အောက်တိုဘာ၂၁ရက်)က အဆိုတော် Wai လျှံရဲ့ အမြွှာသားလေးနှစ်ယောက်မွေးနေ့လေးပါ။ (၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ အမြွှာသား လေးနှစ်ယောက်ရဲ့ မွေးနေ့လေးမှာ သားသားတို့နဲ့အတူ ဖေဖေ၊မေမေတို့က အလှူအတန်းတွေ ပြုလုပ်ပေးနေတာတွေ့ရပါတယ်။ Frank & Tank တို့ရဲ့ မွေးနေ့မှာ ဖေဖေ Wai လျှံတို့က ဘုန်းတော်ကြီးပညာသင်ကျောင်းမှာ သွားပြီး အလှူအတန်းတွေ ပြုလုပ်ပေးနေတာပါ။
Photo : wai လျှံ FB
Wai လျှံဟာ သားလေးတွေရဲ့ မွေးနေ့မှာ အလှူအတန်းတွေလည်း ပြုလုပ်ပေးသလို ယခုလို မွေးနေ့ဆုတောင်းလေးလည်း တောင်းပေးထားတာတွေ့ရပါတယ်။
'လွန်ခဲ့သော ၁နှစ်ခန့် က ဒီ အချိန် ကိုယ်က ရုပ်ရှင်ကြည့် သူတို့မေမေ က ခါးနာ လို့ သူတို့ဖေဖေ ကျွန်တော်ကို နှိပ်ခိုင်း ပြီးတော့ သူတို့မေမေ အိပ်ပျော်သွားတယ် ကျွန်တော် လဲ ရုပ်ရှင် ဆက်ကြည့်တာပေါ့ ဇာတ်လမ်းတွဲ ကားကြည့်တော့ ဇာတ်သိမ်းအခွေလဲ ဖြစ်နေတော့ မထူးပါဘူး ပြီးအောင်ကြည့်မယ်ဆိုပြီး ထိုင်ကြည့်လိုက်တာ ၂၁-၁၀-၂၀၁၆ မနက် ၅နာရီ ကျော်သွားတယ် ဇာတ်လမ်းပြီးတော့ ကဲ အိပ်မယ် ဆိုတော့ မိန်းမက တရေးနိုး အပေါ့ထသွားတယ် ခဏလဲနေရော ခါးတွေ သူအရမ်းကိုက်ပြီး သူအထဲက ကျွန်တော်ရဲ့ သွေးလေး ၂ယောက် က အပြင်ထွက်ချင်လာတော့ ရေမွှာအိတ် ကို ဖောက်လိုက်ကြတယ် ဒီလို နဲ့ အရေးပေါ်ရောက် ပြီး ၉နာရီ ကျော် လောက်မှာ အသက်ထက် ချစ်ရပါသော ကျွန်တော်ရဲ့ အရာရာ ကျွန်တော်ရဲ့ဘဝ ကျွန်တော်ရဲ့ သားနှစ်ယောက် Frank & Tank လူလောက အလည် မွေးဖွား လာခဲ့တယ် ဟတ်ပီးဘတ်ဒေးပါ ကြီးနဲ့ငယ် ကျန်းမာသက်ရှည် ဘုန်းကံကြီးလို့ ဘာသာတရား ကိုင်ရှိုင်းကြပါစေ မျက်နှာမြင်ချစ်ခင်ကြပါစေ ကွာ" ဆိုပြီး အောက်တိုဘာ(၂၁) ရက်နေ့က သူ့ရဲ့ ဖေစ့်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။
Photo : wai လျှံ FB
Wai လျှံရဲ့ အမြွှာသားလေးနှစ်ယောက်ကို အောက်တိုဘာ (၂၁)ရက်နေ့ နံက်(၆)နာရီလောက်က ပင်လုံဆေးရုံမှာမွေးခဲ့တာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အမြွှာသားလေးနှစ်ယောက်ကို Frank & Tank ဆိုပြီး အင်္ဂလိပ်လို နာမည်လေးတွေ ပေးထားသလို ဘုန်းသန့်ဝေလျှံကို နဲ့ ဘုန်းခန့်ဝေလျှံ ဆိုပြီး မြန်မာနာမည်လှလှလေးတွေကိုလည်း မှည့်ထားပါသေးတယ်။ Frank နဲ့ Trank အမြွှာသားလေးတွေရဲ့ စိတ်နေစိတ်ထား တွေကိုလည်း အမှတ်တရအနေနဲ့ ပြောပြခဲ့ပါသေးတယ်။
'' အကြီးလေးက နည်းနည်းအေးတယ်၊ နို့ ဆာတာတွေဆိုရင်လည်း မအော်ဘူး။ အငယ်လေးကတော့ နည်းနည်းစိတ်ကြီးတယ် ဆာပြီဆိုတာနဲ့ ထပြီးတော့ အော်ချပစ်လိုက်တယ်။ အကြီးလေးက ကျွန်တော်နဲ့ တူတယ် အငယ်လေးကတော့ ဇနီးနဲ့ နည်းနည်းဆင်တယ် ဒါပေမယ့် မွေးပြီး ၁လ ကျော်တဲ့အချိန်မှာ အကြီးရော၊ အငယ်ရောက ရုပ်လေး နည်းနည်းဆင်လာသလိုပဲ'' လို့ ဝေလျှံက Duwun Media ကို ယခုလို ပြောပါတယ်။
Photo : wai လျှံ FB
အိမ်ထောင်သက်တမ်း (၂)နှစ်ပြည့်သွားတဲ့ Wai လျှံတို့ဇနီးမောင်နှံ
Wai လျှံနဲ့ ဇနီးဖြစ်သူ သန့်စင်မွန်တို့ဟာ ဇူလိုုင်(၉)ရက်နေ့ ၂၀၁၆ ခုနှစ်က နှစ်ဖက်မိဘစုံညီစွာနဲ့ စေ့စပ်ထားကြတာ ဖြစ်ပြီး မင်္ဂလာဦး ဆွမ်းကျွေး အခမ်းအနားကိုတော့ အောက်တိုဘာ(၂၀)ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်း(၁၄)ရပ်ကွက်မှာရှိတဲ့ မဟာဗောဓိပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုတော် Wai လျှံ နဲ့ မသန့်စင်မွန်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို နိုဝင်ဘာ (၂၀)ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
Share