ဟိန်းမင်းသူရဲ့ ကျန်းမာရေးကတော့ အရမ်းကြီးမသက်သာပေမယ့် အကောင်းဆုံးပြန်ဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါ တယ်။ ဖြစ်ခဲ့ပြီးသား အကြောင်းအရာတွေကိုလည်း ခွန်အားတစ်ခုအဖြစ် သတ်မှတ်မယ်လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: ဟိန်းမင်းသူဖေ့စ်ဘွတ်
အဆိုတော် ဟိန်းမင်းသူရဲ့ လက်ရှိကျန်းမာရေး အခြေအနေကတော့ သက်သာနေပြီလို့ ဆိုပါတယ်။ မကြာခင်က ဘာမီတွန်ဆေးတွေ အများ အပြားသောက်ပြီး အရေးပေါ် ဆေးကုသခဲ့ရတာကြောင့် သူ့ရဲ့ ပရိသတ်တွေ၊ အနုပညာမောင်နှမတွေ သူငယ်ချင်းတွေကလည်း စိုးရိမ်ခဲ့ကြ ပါတယ်။ အခုချိန်မှာတော့ သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဟိန်းမင်းသူကိုယ်တိုင်က Duwun Media ကနေ သီးသန့်ပြောပြလာပါတယ်။
'' ကျွန်တော်အခု နည်းနည်းတော့ သက်သာသွားပြီ။ နှလုံးကတော့ Recovery ပြန်မဖြစ်သေးဘူး ဒါပေမယ့် ပြန်ဖြစ်အောင် ဆေးသောက် တယ်။ Gym ဆော့မယ် ခန္ဓာကိုယ်ကလည်း ပျက်စီးသွားတယ်လေ။ အရမ်းကြီး ကျန်းမာရေး မကောင်းသေးပေမယ့် အဆင်ပြေပြေတော့ ဖြစ်နေပါပြီ'' လို့ ဆိုပါတယ်။
Photo: ဟိန်းမင်းသူဖေ့စ်ဘွတ်
သားရဲ့စကားကြောင့် အရမ်းဝမ်းနည်းခဲ့ရတယ်ဆိုတဲ့ ဟိန်းမင်းသူဖခင်
ဟိန်းမင်းသူက အခုချိန်မှာတော့ ဝေဖန်တိုက်ခိုက်မှုတွေအပေါ် နေသားကျသွားပြီလို့ ဆိုပါတယ်။ အစစအရာရာကို အသစ်တစ်ဖန် ပြန်ကြိုးစား သွားမှာဖြစ်ပြီး အတိတ်က အကြောင်းအရာတွေကို အနာဂတ်ဆီ မခေါ်သွားဘူးလို့လည်း ဆက်လက်ပြောပြလာပါသေးတယ်။
'' အတိတ်က အတိတ်ပဲ။ နှာခေါင်းထဲက ထွက်တဲ့လေတွေလိုပဲ နှာခေါင်းထဲကို ဘယ်တော့မှ ပြန်မဝင်တော့ဘူး။ အသစ်တွေဖြစ်သွားပြီ ကျွန် တော် အသစ်ဖြစ်သွားပြီ။ အရင်တုန်းက ဟိန်းမင်းသူမဟုတ်တော့ဘူး အတိတ်ဆိုတာ အနာဂတ်ဖြစ်မလာဘူး။ အမေစုပြောသလိုပဲ အတိတ်က အတိတ်ပဲ ကိုယ့်ရဲ့ အနာဂတ်မှာ အမဲစက်မဖြစ်ဖို့ပဲ လိုတယ်။ ဒါတွေဟာ ကိုယ့်ကို ခွန်အားပေးဖို့ပဲ အရေးကြီးတယ်'' လို့ဆိုပါတယ်။
Photo: ဟိန်းမင်းသူဖေ့စ်ဘွတ်
ဟိန်းမင်းသူရဲ့ ဖေ့စ်ဘွတ်အကောင့် Hack ခံထားရချိန်မှာ ချစ်သူကောင်မလေးပါ ဆိုပြီး Screenshort တွေ တက်လာခဲ့တာကြောင့် ဒါက မဟုတ်မမှန်တဲ့ အကြောင်းကိုလည်း ဖြေဆိုခဲ့ပါသေးတယ်။ လက်ရှိမှာတော့ Single ဘဝနဲ့ ဖြတ်သန်းနေတာဖြစ်ပြီး ပရိသတ်တွေအတွက် ပိုကောင်းအောင် ကြိုးစားမယ့်အကြောင်းတွေ ပြောပြခဲ့ပါသေးတယ်။
'' ဒါတွေ အကုန်လုံးက MTV ထဲက Screenshort တွေ တက်လာတယ်။ ပြီးတော့ ညီလေး အုပ်စိုးခန့် နဲ့ အရင်က ကျွန်တော့် Ex အကြောင်းတွေ ကိုလည်း ပြောပြခဲ့တယ်။ အရင်ရည်းစားကလည်း အခု သူ့ဘဝနဲ့သူ ကျွန်တော့် ဘဝနဲ့ ကျွန်တော် ဖြစ်နေပြီ။ အခုလောလောဆယ်မှာတော့ ကျွန်တော် တစ်ယောက်တည်းပဲ အေးအေးဆေးဆေးပါပဲ'' လို့ သူကဆိုပါတယ်။
Photo: ဟိန်းမင်းသူဖေ့စ်ဘွတ်
ဟိန်းမင်းသူကတော့ မိန်းကလေးပရိသတ်တွေအားပေးမှုအများကြီးပိုင်ဆိုင်ထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဂီတအလုပ်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ အရိပ် ဆိုတဲ့ ဇာတ်လမ်းတွဲ မှာလည်းဆေးကျောင်းသား စိုင်းမင်းဆွေ ဆိုတဲ့ ကောင်လေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။။ နောက်ထပ် လည်း ပျားရည်အိုင် ဆိုတဲ့ ဇာတ်ကား ကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။