ကမ်းခြေဒေသတွေ သတိထားဖို့လိုပါတယ်။

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြစ်ဝကျွန်းပေါ်ဒေသတွေကို ဖြတ်ကျော်ဝင်ရောက်နေပြီးတော့ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၃၀မိနစ်က နဲ့ သတင်းထုတ်ပြန်ပါတယ်။

 





ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလာပင်လယ်အော်အရှေ့ပိုင်းတို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီးတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။



"လေဖိအားနည်းရပ်ဝန်းဝင်ရောက်နေပါတယ်။ အခြေအနေကိုလည်း တပြေးညီ ထုတ်ပြန်ပေးသွားမှာပါ ” လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။



လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတာကြောင့် ရေပြင်လေက တစ်နာရီကို ပင်လယ်မိုင် (၁၅-ဝ) မိုင်ကနေ မိုင် (၄၀) အထိတိုက်ခတ်နိုင်တယ်လို့သိရပါတယ်။ လှိုင်းအမြင့်က ၉ ပေကနေ ၁၂ ပေခန့်အထိရှိပြီးတော့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ လည်း ပင်လယ်မိုင် (၁၅- ၂-) မိုင်နဲ့ တစ်ခါတစ်ရံမှာ မိုင် ၄၀ အထိရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။



အဆိုပ ါလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလေပြင်းတိုက်တာနဲ့ မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်နေပါတယ်။

Share

Loading Next Article...
က္က