ကင်မရာပေါင်း ၂၉၉၀ ပြန်သိမ်းဆည်းခဲ့တာပါ

ကင်မရာဘက်ထရီချို့ယွင်းချက်ကြောင့် ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တဲ့နောက်မှာ နယူးယော့ခ်ရဲဌာနဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်မှာ တပ်ဆင်ထားတဲ့ စောင့်ကြည့်ရေးကင်မရာ ထောင်ပေါင်းများစွာကို ပြန်သိမ်းခဲ့ပါတယ်။



4531886_102118-nypdbodycamera.jpg

Photo: abc7NY

 

ဒီတစ်ပတ်တနင်္ဂနွေနေ့ သန်းခေါင်ယံက ရဲတပ်ဖွဲ့ဝင်တစ်ဥိးရဲ့ ကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာတစ်လုံး ပေါက်ကွဲပြီးနောက် အခုလို အမိန့်ထုတ်ပြန်ခဲ့တာပါ။ ရဲတပ်သားရဲ့ ကိုယ်မှာ တပ်ဆင်ထားတဲ့ Vievu LE-5 ကင်မရာဟာ မီးခိုးတွေ ထွက်လာခဲ့တာကြောင့် လွင့်ပစ်လိုက်ချိန် မြေပေါ်မှာ ပေါက်ကွဲသွားခဲ့တာလို့NYPD ရဲဌာနက ထုတ်ပြန်ခဲ့ပါတယ်။

စုံစမ်းချက်များအရ ကင်မရာဘက်ထရီကြောင့် မီးလောင်တဲ့အထိ ဖြစ်ခဲ့ရတာလို့ဆိုပါတယ်။

"လောလောဆယ်မှာ ကင်မရာမီးလောင်ပေါက်ကွဲရတဲ့ အကြောင်းအရင်း သိထားပါတယ်။ ဒီတော့ LE-5 တပ်ဆင်ထားတဲ့ အရာရှိအားလုံးကို ဒီကင်မရာတွေ ကိုယ်ကနေ ချက်ချင်း ဖယ်ရှားပြီး ဌာနဆီ ယူလာကြဖို့ညွှန်ကြားထားပါတယ်။" လို့ရဲဌာနက ဆိုပါတယ်။

NYPD ရဲဌာနဟာ ရဲတပ်ဖွဲ့ဝင်များအတွက် လုံခြုံရေး ကင်မရာ ၁၅၅၀၀ သုံးရာကနေ ၁၆ ဌာနမှာ LE-5 မော်ဒယ်ကင်မရာပေါင်း ၂၉၉၀ သုံးနေတာ ဖြစ်ပါတယ်။ LE-4 မော်ဒယ်နဲ့နောက်ထပ် Vievu ထုတ် ကင်မရာတွေကိုတော့ ဆက်လက်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Photo: Flipboard

 

လုံခြုံရေးအတွက် သုံးတဲ့ စောင့်ကြည့်ရေး ကင်မရာဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၃ ဘီလျံတန် ဈေးကွက်တစ်ခု အဖြစ် ရှိခဲ့တာ ဖြစ်ပြီး ၂၀၁၆ ကနေ ၂၀၂၁ ခုနှစိအထိ နှစ်စဉ် ၁၄.၆% ပုံမှန် တိုးတက်လာနေတယ်လို့စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က