ကံမကုန်ရင် ပြန်ဆုံချင်သေးတယ်တဲ့။

သူမအနေနဲ့  ဒီလိုနေ့မျိုး စောစောရောက်လာမယ်လို့ လုံးဝမထင်ခဲ့သလို ခွေးလေးနဲ့လည်း ကံမကုန်ရင် ပြန်ဆုံချင်သေး တယ်လို့ ဆိုပါတယ်။

Photo : ချမ်းမြေ့မောင်ချို FB

 

လူငယ်အဆိုတော် ကောင်မလေး ချမ်းမြေ့မောင်ချိုတစ်ယောက် သူအရမ်းချစ်ရတဲ့ ခွေးလေးကို ဆုံးရှုံးလိုက်ရတဲ့အ တွက် စိတ်မကောင်းဖြစ် လို့နေပါတယ်။ သူမအနေနဲ့  ဒီလိုနေ့မျိုး စောစောရောက်လာမယ်လို့ လုံးဝမထင်ခဲ့သလို ခွေးလေးနဲ့လည်း ကံမကုန်ရင် ပြန်ဆုံချင်သေး တယ်လို့ ဆိုပါတယ်။ သူမချစ်ရတဲ့ ခွေးလေးရဲ့ ပုံလေးနဲ့အတူ ဝမ်းနည်းစကားလေးကိုလည်း ယခုလို ရေးသားထားတာတွေ့ရပါတယ်။

Photo : ချမ်းမြေ့မောင်ချို FB

 

"ဂျင်းရေ တခါဖူးမှဒီလိုနေ့မျိုးစောစောရောက်လာမယ်မထင်ခဲ့ဘူး။အရင်လိုအနားမှာမရှိပေးနိုင်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်။ဂျင်းရေ အမြဲတမ်းသတိရနေပါမယ်ကွယ်။ အရင်လိုအိမ်ပြန်လာရင်ကြိုမဲ့သူမရှိတော့တာကလွဲလို့ ထမင်းစားတိုင်း အောက်ကနေ ထိုင်ကြည့်မဲ့ သူမရှိ တော့တာကလွဲလို့ ညအိပ်နောက်ကျတိုင်းထိုင်စောင့်တဲ့ သူမရှိတော့တာက လွဲလို့ ချောကလက်စားတိုင်းလုစားမဲ့ သူမရှိတော့တာကလွဲလို့ ရန်ဖြစ်တိုင်းလိုက်တားပေးတဲ့သူမရှိတော့တာကလွဲလို့ အိမ်အောက်ပြန်ရောက်တိုင်း ဝရံတာကကြည့်နေမဲ့သူမရှိတော့တာကလွဲလို့ ကျန်တာအကုန်အဆင်ပြေပါတယ် ။ကလေးရေ ကောင်းရာမွန်ရာသွားတော့နော် ။မီးကလေးတွေကိုစိတ်ချသွားပါ ။ နောက်ဘဝမှာ လူလေးဖြစ်ပါစေ။သဘောကောင်းတဲ့ငါ့သမီးလေး ရင်ထဲမှာအမြဲရှိနေမှာပါ။ကံမကုန်ရင်ပြန်ဆုံချင်သေးတယ်ကွယ်" ဆိုပြီး အောက်တိုဘာ (၂၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ချမ်းမြေ့မောင်ချို FB

Cyber Bullying လုပ်တာနဲ့ ပတ်သက်ပြီး ပြောလာတဲ့ မောင်ချို 

ပရိသတ်တွေကလည်း စိတ်မကောင်းမဖြစ်ဖို့ အားပေးစကားတွေ ပြောထားတာတွေ့ရပါတယ်။Myanmar Idol Season 3 ရဲ့ 1st Runner up ချမ်းမြေ့မောင်ချိုဟာ ပြိုင်ပွဲပြီးနောက်ပိုင်းမှာ ဖျော်ဖြေပွဲတွေသွားနေရသလို ကြော်ငြာတွေလည်း ရိုက်ကူးနေရတာတွေ့ရပါတယ်။

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဟာ ပြိုင်ပွဲတစ်လျှောက် ဝေဖန်မှုတော်တော်များများနဲ့ ရင်ဆိုင်ခဲ့ရ သူပါ။

Photo : ချမ်းမြေ့မောင်ချို FB

 

ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်အဖို့ ဝေဖန်မှုတွေနဲ့အတူ အောင်မြင်မှုကို ရအောင်ယူနိုင်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုဟာ အခုလက်ရှိရော ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိနေပြီလား။ သူမအနေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ဘယ်လိုတုံ့ပြန်လဲဆိုတာ ယခုလို ပြောပြခဲ့ပါတယ်။

"ဝေဖန်တိုက်ခိုက်မှုတွေက အများကြီးပါပဲ။ အစတုန်းကတော့ အဲ့အပေါ်မှာ နည်းနည်းတော့ အားငယ်တယ်။ ဒါပေမယ့် အဲ့ဒါက ကိုယ့်စိတ်ကို ပြန်သတ်သလိုပဲလေ။ အခုတော့ ကိုယ်လုပ်စရာရှိတာလုပ်တယ်။ ပြိုင်ပွဲဝင်တုန်းကလည်းကိုယ့်သီချင်းကောင်းဖို့ Team Work လေးကောင်း ဖို့ရယ် အများကြီး ကြိုးစားရတာပေ့ါ။ ဝေဖန်မှုအပေါ်မှာ စိတ်ထိခိုက်တဲ့အချိန်တွေတော့ ရှိခဲ့တယ် ။ ဒါပေမယ့် အကြာကြီးတော့ မဟုတ်ဘူး" စက်တင်ဘာ(၂၆) ရက်နေ့က ပြုလုပ်ခဲ့တဲ့ City Mall (၁)နှစ်ပြည့်ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Myanmar Idol မှာကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာရရှိခဲ့သူပါ။

Share

Loading Next Article...
က္က