ပျော်နေမှာပဲနော်။

ကချင်တိုင်းရင်းသူလေး ဂျေနောက ငယ်စဉ်ကတည်း သူမအားပေးခဲ့ရတဲ့ ထက်ထက်မိုးဦးနဲ့အတူ Show လျှောက်ခွင့်ရတဲ့ အတွက် အရမ်းကို ပျော်လို့နေပါတယ်။

Photo : ဂျေနော

ကချင်တိုင်းရင်းသူလေး ဂျေနောက ငယ်စဉ်ကတည်း သူမအားပေးခဲ့ရတဲ့ ထက်ထက်မိုးဦးနဲ့အတူ Show လျှောက်ခွင့်ရတဲ့အတွက် အရမ်းကို ပျော်လို့နေပါတယ်။ မန္တလေးမှာ ပြုလုပ်တဲ့ Royal Diamond  Gems & Jewelry Fashion Show မှာ မထက်နဲ့အတူတူ Show လျှောက်ခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး ဂျေနောက သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။

Photo : ဂျေနော

 

"ငယ် ငယ်လေး ကတည်း က TV ရှေ့ မှာ ပန်ပန်ပန်ပန့်ပန် လုပ် ပီး ကြီး လာ ခဲ့ တဲ့ နော။ တစ်နေ့ ကိုယ်အရမ်းချစ် ရတဲ့ အရမ်းကြိုက်ခဲ့ ရတဲ့ ချစ်ဆုံးမမ ထက် နဲ့ Show အတူ လျှောက် ရပါမယ် လို့ ဘယ်တုန်း က မှ အိမ်မက် မမက်ဖူး ခဲ့ ပေမယ့် ခု ချိန် မှာ အိမ်မက် တွေ တကယ် ဖြစ် လာ ခဲ့ သလို မဖြစ် နိုင် ဘူး ဆို တာ လော က မှာ ဘယ် အရာ အမှ မရှိဘူးဆိုတာ ကို လဲ ပိုပြီး လက်ခံ လာ တယ် ။အရာ အား လုံးတွက်ဘု ရား ရဲ့ အလို တော် စီ မံ ရာ အောက်မှာ အသက် ရှင် ရတာ ကို လဲ ဝမ်းသာ ဂုဏ်ယူ တယ် " ဆိုပြီး အောက်တိုဘာ(၂၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : ဂျေနော

 

မထက်ဆိုတာ အနုပညာရှင်တွေ တော်တော်များများက လေးစားအားကျရတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးပါ။ ဆယ်စုနှစ်များစွာမှာ အောင်မြင် ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကြော်ငြာမင်းသမီးလို့ အများက တင်စားခေါ်ဝေါ်ခြင်းကို ခံရသူလည်း ဖြစ်ပါတယ်။ ချစ်စရာအမူအယာ အပြောအဆိုလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ အခုချိန်ထိ နေရာယူထားနိုင်သူ တစ်ဦးပါ။ ဒီလိုသရုပ်ဆောင်မျိုးနဲ့အတူ Show လျှောက်ခွင့်ရတဲ့ ဂျေနောအတွက် ပရိသတ်တွေကလည်း ဝမ်းသာလို့နေကြပါတယ်။

Photo : ဂျေနော

မိခင်က သားလိမ္မာတစ်ယောက် ဆုံးရှုံးသလိုခံစားလိုက်ရတဲ့ ဂျေနော 

ဂျေနောဟာ ပရဟိတအလုပ်လေးတွေကို သူမတက်နိုင်တဲ့ ဘက်ကနေ တစ်ပိုင်တနိုင် လုပ်ဖြစ်နေသူလေး ဖြစ်ပါတယ်။ သူမဟာ ၂၀၁၈ ခုနှစ်အတွင်း သူမရရှိတဲ့ အနုပညာကြေးအားလုံးကို ကချင်စစ်ဘေးရှောင်တွေအတွက်လှူဒါန်းမယ်ဆိုပြီး ရည်ရွယ်ထားသူလည်း ဖြစ်ပါတယ်။

"2018 ခုနှစ် တစ်နှစ်ပတ် လုံး နော လေး အနုပညာ လုပ်ငန်းမှ ရရှိတဲ့ အဖိုးအခ (အနု ပညာ ကြေး)များ အားလုံးကို နောလေးတို့ သွေးသားညီအကို မောင်နှမ များ ခုလို စစ်ဘေး အန္တရယ် ဒုက္ခ တွေ ကြား က နေ အခက်ခဲ မျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ချိန် နောလေး ချွေးနဲစာ လေး နဲ့ ကူညီ ထောက်ပံ့ သွားမှာ ဖြစ်ပါတယ် နောလး ပိုက်ဆံ အရမ်း ချမ်းသာနေလို့မဟုတ်ရပါ ရှင်။ စစ်ပြေးရှောင်ဒုက္ခရောက်ပြီး ထွက်ပြေးသိမ်း ရှောင်လာကြရတဲ့ သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင်မိခင်တချို့  နှင့် နာမကျန်းတဲ့ ကလေးငယ်တွေ ကျန်းမာရေးချို့တဲ့သူတွေ သူတို့ လေး တွေ ခံစား ခဲ့ ရမယ့် ဒုက္ခ ,ပင်ပန်း ဆငိးရဲမှုတွေ ,ကျော် ဖြတ် လာရမယ့် အခက်အခဲ တွေ ကို တွေးကြည့်ကိုယ်ချင်းစားမိ ရင်း လူသားချင်းစာနာထောက် ထား ပြီး ဒုက္ခ ရောက်နေတဲ့ ပြည်သူတွေ ထဲ ကပြည်သူအတွက် ကူ ညီပေး ခွင့် ရတာ ကို လဲ အတိုင်းမသိ ဘုရားသခင် ကို ကျေးဇူးတင်မိ ပါတယ်" ဆိုပြီး ပြောခဲ့ဖူးပါတယ်။

Photo : ဂျေနော

ဂျေနောဟာ ကချင်တိုင်းရင်းသူလေး တစ်ယောက်ဖြစ်ပြီး မော်ဒယ်လောကမှာ နေရာတစ်နေရာ ရပေမဲ့လည်း ဆက်လက် ကြိုးုစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က