လူငယ်အဆိုတော် ရဲရင့်အောင်ဟာ လက်ရှိမှာ ခါရာ၊ သင်ဇာဝင့်ကျော်တို့နဲ့အတူ "လျှို့ဝှက်စာမျက်နှာ" ဆိုတဲ့ ရုပ်ရှင်ဇာတ် ကား ကို ရိုက်ကူး လျက်ရှိပါတယ်။ "လျှို့ဝှက်စာမျက်နှာ" ဇာတ်ကားမှာ မော်ဒယ်သရုပ်ဆောင်ခါရာနဲ့အတူ သရုပ်ဆောင်မှာ ဖြစ်တာကြောင့် သူ့ရဲ့ စိတ်ခံစားချက်ကိုလည်း ပြောပြထားပါတယ်။
လူငယ်အဆိုတော် ရဲရင့်အောင်ဟာ လက်ရှိမှာ ခါရာ၊ သင်ဇာဝင့်ကျော်တို့နဲ့အတူ "လျှို့ဝှက်စာမျက်နှာ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူး လျက်ရှိပါတယ်။ ဒါရိုက်တာအောင်ဇော်လင်း ရိုက်ကူးမယ့် အဲ့ဒီဇာတ်ကားဟာ သုံးပွင့်ဆိုုင် အချစ်ဇာတ်ကားမျိုး ဖြစ်တယ်လို့ သိရပါတယ်။ ရဲရင့်အောင်အနေနဲ့ ဒီဇာတ်ကားထဲမှာ ပါတဲ့ သူ့ရဲ့ ကာရိုက်တာဟာ ပရိသတ်တွေအတွက် ထူးခြားမယ်ထင်တာကြောင့် ရိုက်ကူးဖို့အတွက် လက်ခံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
"လျှို့ဝှက်စာမျက်နှာ" ဇာတ်ကားမှာ မော်ဒယ်သရုပ်ဆောင်ခါရာနဲ့အတူ သရုပ်ဆောင်မှာ ဖြစ်တာကြောင့် သူ့ရဲ့ စိတ်ခံစားချက်ကိုလည်း ပြောပြထားပါတယ်။
"ခါရာနဲ့ ရိုက်ရမှာဆိုရင် ခါရာက လူကောင်ကြီးတယ်။ ကျွန်တော်က လူကောင်သေးတယ်။ အဲ့ဒါတော့ ခံစားရတယ်။ ဒါပေမယ့် ဒီကားမှာ ကျွန်တော်နဲ့ ခါရာနဲ့ ထိပ်တိုက်တွေ့ရမယ့် အခန်းနည်းပါတယ်။ ဇာတ်လမ်းကတော့သိပ်ပြောလို့မရလို့ မပြောတော့ဘူး။ ကျွန်တော်ဒီဇာတ် ကို လက်ခံဖြစ်တာက ဒီဇာတ်က ကျွန်တော့အတွက် လုပ်ရတာ တိုင်ပတ်စေတယ်။ ဟဲဗီး ဇာတ်ဝင်ခန်းတွေ ပါတာမျိုးမဟုတ်ပဲ ကျွန်တော့် အတွက် နည်းနည်းတိုင်ပတ်စေတယ်လို့ ကျွန်တော်ထင်တယ်။ အဲ့ဒါကြောင့် ရွေးချယ်ဖြစ်တာပါ။ ပုံမှန်တော့ မဟုတ်ဘူးပေ့ါ။"လို့ အောက်တိုဘာ (၂၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ "လျှို့ဝှက်စာမျက်နှာ" ရုပ်ရှင်ကန်တော့ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာပါ။
ရဲရင့်အောင်ဟာ ဗီဒီယိုဇာတ်ကားသာမက ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုုက်ကူးခွင့်ရခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ တော်တော်များများ လုပ်ခဲ့ရပေမယ့်လည်း အခုချိန်အထိ သူ့အတွက် အသားမကျသေးတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းရှိလို့နေပါတယ်။ အဲ့ဒါကတော့ မင်းသမီးနဲ့ ချစ်ခန်းကြိုက်ခန်း ရိုက်ရတဲ့ အချိန်ပါပဲတဲ့။
"ကျွန်တော့်အတွက် ခက်ခဲစေတယ့် ဇာတ်ဝင်ခန်းတွေဆိုရင် ကောင်မလေးနဲ့ ကြည်နူးတဲ့ အခန်းတွေ ဖြစ်မယ်ထင်တယ်။ အခုထိကို အသားမကျနိုင်သေးဘူး။ ကျွန်တော်ရှက်တယ်။ ဘာကြောင့်မှန်းမသိဘူးရှက်နေတာ။ အဲ့ဇာတ်ဝင်ခန်းမှာ ပြောရမယ့် စကားလုံးတွေကို ခံစားလိုက်ရင် အဲ့ခံစားချက်ကြီးဝင်လာရင်ကို ရှက်လာကော။ " လို့ သူက ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။
Photo : ရဲရင့်အောင် FB
One Man Show မလုပ်ဖြစ်သေးတဲ့အကြောင်း ပြောပြလာတဲ့ ရဲရင့်အောင်
ရဲရင့်အောင်က လက်ရှိမှာ ဇာတ်ကားရိုက်ကူးဖို့အတွက် ပြင်ဆင်နေသလို သူ့ရဲ့ တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေရတယ်တဲ့။ အဲ့အတွက်လည်း သူ့မှာ စိတ်ဖိစီးမှုတွေ ခံရတယ်လို့ သိရပါတယ်။
'' အခွေနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ဖိစီးနေတယ်ဆိုတာက ကျွန်တော်က အရမ်းကောင်းချင်တာဗျ။ ဒါပေမယ့် ကျွန်တော့် ခန္ဓာကိုယ်က အဲ့ဒီလောက်ကောင်းအောင် မလုပ်နိုင်ဘူး အဲ့ဒါကြောင့်လည်း စိတ်ဖိစီးရတယ်။ အဲ့ဒါကြောင့်လည်း ကြာနေတာ အခွေက သူငယ်ချင်းတွေ ကလည်းပြောပါတယ် အဲ့ဒီလောက် စိတ်ဖိစီးစရာမလိုဘူးပြောတယ်၊ ဒါပေမယ့် သူ့ဘာသာသူ ဖြစ်နေတာ'' လို့ ာ့ ဇူလိုင်လ ၁ ရက်နေ့ညက ငါ့ကိုနမ်းတဲ့ မုန်တိုင်း ဇာတ်ကား အတွက် ဂုဏ်ပြုညစာ စားပွဲကိုတက်ရောက်ရင်း မီဒီယာတွေကနေတဆင့် ရင်ဖွင့် ပြောပြလာပါတယ်။
Photo : ရဲရင့်အောင် FB
ရဲရင့်အောင်ဟာ မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ ငါ့ကိုနမ်းတဲ့ မုန်တိုင်း ရုပ်ရှင်ဇာတ်ကားကြီးမှာ သြရထူး ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဂီတအလုပ်နဲ့ ပတ်သက်ပြီးတော့လည်း တစ်ကိုယ်တော်အခွေ အသစ်အမြန်ဆုံးထွက်နိုင်ဖို့ ကြိုးစား နေတယ်လို့ သိရပါတယ်။
Share