လင်းဇာနည်ဇော်ဟာ သူ့ရဲ့ လိမ္မာတဲ့ သမီးလေး မြူလင်းကိုကို ရဲ့ အကြောင်းတွေကို အခုလို ပြောပြလာပါတယ်။ သမီးလေး ကလည်း မိခင် အပေါ် နားလည်ပေးနိုင်သူဖြစ်ပြီး စာလည်း ကြိုးစားတယ်လို့ ဆိုပါတယ်။
Photo: မြူလင်းကိုကို ဖေ့စ်ဘွတ်
လင်းဇာနည်ဇော်ဟာ သူ့ရဲ့ သမီးလေး မြူလင်းကိုကို အတွက် အဖေလိုရော၊ အမေလိုပါ တစ်ယောက်တည်း ပြုစုစောင့်ရှောက်လာခဲ့ရတာ ဖြစ် ပါတယ်။ ဒီလို ပြုစုစောင့်ရှောက်ရတဲ့ အခါမှာလည်း မိန်းမသားတစ်ဦးအနေနဲ့ ခက်ခက်ခဲခဲ ရုန်းကန်ရတာကြောင့် နောက်အိမ်ထောင်ပြုဖို့ အတွက် သမီးဖြစ်သူက တိုက်တွန်းခဲ့တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။
'' သူက အရင်တုန်းကဆိုရင်တော့ ငယ်စိတ်နဲ့တုန်းက အစ်မကို အိမ်ထောင်ပြုမှာတို့၊ နောက်တစ်ယောက်တွေ့မှာတို့ကို သူအရမ်းစိုးရိမ်ခဲ့တယ်။ အသက်ကြီးသွားတဲ့အခါကျတော့ မေကြီးတစ်ယောက်တည်း အရမ်းပင်ပန်းနေတယ်ပေါ့နော်။ တကယ်လို့များ မေကြီးအပေါ်မှာ ကောင်းမယ့် လူရှိရင် မီးကို မငဲ့နဲ့တဲ့ အဲ့ဒီလိုပြောတယ်။ သူအဲ့ဒီလို မပြောတာတောင် အစ်မ ဒီလိုနေနေတာ သူ အဲ့ဒီလိုပြောလိုက်တော့ အစ်မ တာဝန် ပိုကြီး သွားသလိုတောင် ခံစားရပါတယ်'' လို့ ဆိုပါတယ်။
Photo: မြူလင်းကိုကို ဖေ့စ်ဘွတ်
သမီးလေးကို လွမ်းနေတဲ့ လင်းဇာနည်ဇော်
လင်းဇာနည်ဇော်ရဲ့ တစ်ဦးတည်းသော သမီးလေး မြူလင်းကိုကို ဟာ လက်ရှိမှာတော့ ပညာရေးကို ဦးစားပေးဆောင်ရွက်နေသူဖြစ်ပါတယ်။ သူမဟာ သြစတြေးလျ နိုင်ငံမှာရှိတဲ့ The University of Technology (UTS) ကျောင်းမှာ Foundation ဘာသာရပ် ကို သင်ကြားနေသူ ဖြစ်ပါတယ်။
'' သမီးလိမ္မာလို့လည်း မပြောရဘူး၊ သူ့ဟာနဲ့သူတော့ စာကြိုးစားတယ်။ သူ့ကျောင်းစာနဲ့ ပတ်သက်ပြီးတော့ အစ်မက မီးထိုးရတာ ဘာမှ မရှိ ဘူး။ အစ်မလုပ်ပေးရတာဆိုလို့ ပိုက်ဆံရှာပေးရတာတစ်ခုပဲ ရှိတယ်။ ဒီမှာ ကျောင်းစတတ်ကတည်းကိုက ဟိုရောက်သွားတဲ့အထိပေါ့။ ဟိုမှာ ကလည်း ကျောင်းစာရိတ်က ကြီးတော့ မနည်းရှာနေရတယ်ဆိုတာလည်း သိတယ်။ တစ်ခါတလေကျရင် အစ်မကို ဘာမှ မပူဆာဘူး သူ့ အဒေါ်တွေ ဦးလေးတွေကိုပဲ ပူဆာတယ်'' လို့ လင်းဇာနည်ဇော်က ဆက်လက်ပြောပြထားပါတယ်။
Photo: မြူလင်းကိုကို ဖေ့စ်ဘွတ်
သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ သမီးလေးကို စောင့်ရှောက်ရင်း အနုပညာအလုပ်တွေ ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူပါဝင် သရုပ် ဆောင် ထားတဲ့ '' တစ်ခုလပ်'' ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင် ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ တစ်ခု လပ် အမျိုးသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
'' အစ်မတစ်ယောက်တည်းအတွက် ပြောချင်တာကတော့ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတယ် ပေါ့နော်။ ကိုယ်မှန်အောင် နေလို့ရှိရင်တော့ ဘယ်သူမှ စမ်းလို့ မရလောက်ဘူးလို့ ထင်ပါတယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၂၃ ရက်နေ့ည က တစ်ခုလပ် ရုပ်ရှင် ဇာတ်ကား အထူးပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: မြူလင်းကိုကို ဖေ့စ်ဘွတ်
ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ လင်းဇာနည်ဇော်ဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေ သူပါ။သူမရဲ့ သမီးလေး မြူလင်းကိုကိုဟာလည်း ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တချို့က အနုပညာအလုပ်တွေကို လုပ်စေချင်ကြတာလည်း တွေ့ရပါတယ်။