ဒီနေ့ကတော့ အိမ်စည့်မွေးနေ့ပါ။

ရွှေအိမ်စည် ကတော့ ဒီနေ့မှာ ကျရောက်တဲ့ အသက် ၂၀ နှစ်ပြည့်မွေးနေ့မှာ အလှူအတန်းတွေနဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။ ဒီ အလှူကို ကမာရွတ်မြို့နယ်မှာရှိတဲ့ ''ဘုရား သုံးဆူ ထေရာရာမ ပညာရေးကျောင်း''မှာပြုလုပ်ခဲ့တာပါ။

 

အလှမယ် ရွှေအိမ်စည်က အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ အသက် ၂၀ နှစ်ပြည့်မွေးနေ့ကို ကမာရွတ်မြို့နယ်မှာရှိတဲ့ ''ဘုရား သုံးဆူ ထေရာရာမ ပညာရေးကျောင်း''မှာ အလှူ အတန်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မွေးနေ့မတိုင်ခင်ညမှာလည်း သူငယ်ချင်းတွေရဲ့ Birthday Surprise လုပ်တာ ခံခဲ့ရတယ်လို့ သိရပါတယ်။

''ဘုရား သုံးဆူ ထေရာရာမ ပညာရေးကျောင်း''မှာတော့ ကျောင်းနေ၊ ကျောင်းအိပ် ကလေး အယောက် ၅၀ ခန့် ရှိပြီး၊ အပြင်ကနေ ကျောင်း လာတက်ကြတဲ့ ဆင်းရဲနွမ်းပါး ကလေး အယောက် ၅၀ လည်းရှိတယ်လို့ သိရပါတယ်။ ဒီကျောင်းမှာ သူငယ်တန်းကနေ စတုတ္ထတန်း အထိကို ပညာသင်ကြားပေးနေတာဖြစ်ပြီး စာသင်ကြားပေးသော ဆရာ၊ ဆရာမ ၂ ဦးသာရှိတယ်လို့ ရွှေအိမ်စည်က ပြောပါတယ်။

 

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးအတွက် သူ့ရဲ့ ပရိသတ်တွေကို Like & Share လုပ်ပေးဖို့ တောင်းဆိုတာတွေ မလုပ်ဘူး လို့ ဆိုပါတယ်။ ဆုပေးခြင်း မပေးခြင်းဆိုတာတွေကလည်း အဖွဲ့အစည်းများနဲ့ အကဲဖြတ် ဒိုင်တွေက ဆုံးဖြတ်မှာဖြစ်လို့ ကိုယ်ပိုင်အရည်အချင်း ကို အကောင်းဆုံး အသုံးချခဲ့မယ်လို့ ဆက်လက်ပြောပြထားပါတယ်။

'' ပြိုင်ပွဲအတွက် အိမ်စည့်ကို Vote ပေးကြပါဦးတို့၊ Like & Share လုပ်ပေးကြပါဦး ဆိုပြီး Fan တွေကို တောင်းဆိုတာတွေ လုပ်မှာမဟုတ်ဘူး ဆိုတာကိုလည်း ခုကတည်းက ကြိုတင်ပြီး အသိပေးထားချင်ပါတယ်။ ကြိုးစားမှုနဲ့ အရည်အချင်းကို အသိမှတ်ပြုရင် Fan တွေက အိမ်စည့်ကို အားပေးကြလိမ့်မယ်လို့ ယုံကြည်ထားပြီးသားပါ။Crown ယူခဲ့ပါမယ်တို့ ဆုတွေသယ်လာပါ့မယ်တို့ ကိုယ့်အပိုုင်းမဟုတ်တဲ့အရာတွေကို အာမခံ ချက် ပေးမှာ မဟုတ်ပါဘူး။ အိမ်စည့်ဘက်က အာမခံနိုုင်တာကတော့ နိုင်ငံအတွက် အကောင်းဆုံး ကိုယ်စားပြုခဲ့ပါမယ် ဆိုတာပါပဲ။ 

ကိုယ့်အပိုု်ုင်း ကိုယ်ပဲ အာမခံနိုင်ပါတယ်'' လို့ ဆိုပါတယ်။

 

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးကိုမြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တစ်ယောက်အဖြစ် သွားရောက် ယှဉ်ပြိုင်ခွင့် ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကိုတော့ နိုင်ငံပေါင်းများစွာတို့က အလှမယ် အသီးသီး တို့ကလည်း လာရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က