နေအိမ် ၈ လုံးမီးလောင်ခဲ့ပါတယ်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံမြို့သစ်တွင် မီးပုံးပျံ အိမ်ပေါ် ပြုတ်ကျရာမှ နေအိမ်ရှစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်ပြီး မီးပုံးပျံလွှတ်သူများကို ရဲတပ်ဖွဲ့က စုံစမ်းမှုများပြုလုပ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့တာဝန်ရှိသူက Duwun ကိုပြောပါတယ်။



 

photo - Than Htay





အောက်တိုဘာ ၂၄ ရက်နေ့ည ၇ နာရီ ကျော်က ၅၃ လမ်းနဲ့ ၅၄ လမ်ကြား၊ ရတနာလမ်းနဲ့ မင်္ဂလာလမ်းကြားရှိ ပေတစ်ရာပတ်လည်ခန့်ရှိတဲ့ ခြံဝန်းထဲမှာ ဆောက်လုပ်ထားတဲ့ နေအိမ်တစ်လုံးပေါ်ကို မီးပုံပျံကျပြီး မီးလောင်ရာကနေကျန်တဲ့အိမ်တွေကိုပါ ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။



ဒီမီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၈ လုံးဆုံးရှုံးခဲ့ပြီး မီးသတ်ယာဉ် ၅၀ က မီးသတ်သမားတွေနဲ့ ရဲတွေ၊ ရပ်ကွက်ပြည်သူလူထုကလည်း ဝိုင်းဝန်းကူညီငြိမ်းသတ်ပေးခဲ့လို့ ည ၇ နာရီ ၄၅ မိနစ်ခန့်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

photo - Than Htay

"လွှတ်တဲ့နေရာကိုတော့ သေချာမသိသေးဘူး။ အနီးအနားတဝိုက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ သီတင်းကျွတ်ကာလဆိုတော့ လူတော်တော်များများက မီးပုံပျံလွှတ်ကြတယ်။ ဘာပဲပြောပြော ကင်းကင်းလွတ်လွတ် လွှတ်ကြရင်ကောင်းမယ်ထင်ပါတယ်။"လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။



မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၈၂ သိန်းရှိပြီး နယ်မြေအပိုင်ရဲစခန်းဖြစ်တဲ့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းက စခန်းမှူးရဲအုပ်ကျော် ကျော်လတ်တရားလိုပြုလုပ်ကာ (ပ)၅၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့အမှုဖွင့်အရေးယူထားပြီး မီးပုံပျံအားပေါ့ဆစွာအသုံးပြုခဲ့သူ ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က