မန်ယူဟာ ပေါ့ဂ်ဘာနဲ့ပတ်သက်ပြီး စပွန်ဆာစာချုပ်တွေချုပ်ဆိုထားတာရှိပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ မော်ရင်ဟိုနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ရောင်းထုတ်ရမလား၊ ဆက်ထားရမလားဆိုတာကို ချီတုံချတုံနဲ့ ဆုံးဖြတ်ရခက်နေပါတယ်။ အဓိကအကြောင်းအရာကတော့ ပေါ့ဂ်ဘာကြောင့် ရနေတဲ့ ဝင်ငွေတွေကြောင့်ပါ။

NINTCHDBPICT000443938887-e1540453553100.jpg

Photo: The Sun

 

မန်ချက်စတာယူနိုက်တက်အသင်းမှာ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ အသင်းရဲ့အဓိက,ကစားသမားဖြစ်သလို လက်ရှိအချိန်မှာတော့ မန်ယူတာဝန်ရှိသူတွေအတွက် ခေါင်းခဲစရာ ပြဿနာတွေကို ဖန်တီးနေသူလည်းဖြစ်နေပါတယ်။ ရာသီအစမှာ ဘာစီလိုနာအသင်းကို ပြောင်းချင်တယ်လို့ လေသံပစ်ခဲ့ပြီး မန်ယူနဲ့သက်ဆိုင်သူတွေအားလုံးကို ခေါင်းခဲအောင်လုပ်ခဲ့သလို ရာသီအစပွဲစဉ်အချို့အပြီးမှာလည်း နည်းပြ မော်ရင်ဟိုနဲ့ ဆက်ဆံရေးအဆင်မပြေမှုတွေရှိခဲ့ပါတယ်။

Photo: The Sun

စံချိန်ရော လက်ဆောင်ပါ တပြိုင်တည်းရခဲ့တဲ့ ဆာလာ 

မန်ယူပရိသတ်အချို့ကတော့ ပေါ့ဂ်ဘာကို အသင်းကနေရောင်းထုတ်ဖို့ ဆန္ဒရှိနေကြပေမယ့် မန်ယူအသင်းအနေနဲ့ကတော့ ပေါ့ဂ်ဘာကိုရောင်းထုတ်ဖို့အတွက် အခက်အခဲတစ်ချို့ရှိနေပါတယ်။ အဲ့ဒီအခက်အခဲကတော့ ပေါ့ဂ်ဘာကြောင့် မန်ယူအသင်းရရှိနေတဲ့ ဝင်ငွေတွေပါ။ ပေါ့ဂ်ဘာဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ လူကြိုက်များထင်ရှားသူဖြစ်ပြီး မန်ယူဟာ ပေါ့ဂ်ဘာနဲ့ပတ်သက်ပြီး စပွန်ဆာစာချုပ်တွေချုပ်ဆိုထားတာရှိပါတယ်။

Photo: The Sun

 

ပေါ့ဂ်ဘာရဲ့ကျောနံပါတ်(၆) ဂျာစီအကျီၤဟာ သုံးပတ်ကို ပေါင်သန်း ၁၉၀ဖိုးလောက် ရောင်းနေရပြီး သူ့ရုပ်ပုံပါတဲ့ ပိုစတာအစရှိတဲ့ အခြားသောပစ္စည်းရောင်းချမှုတွေကနေ စုစုပေါင်းဝင်ငွေဟာ တစ်လကို ပေါင် ၁၀၁သန်းလောက်ရှိနေပါတယ်။ နောက်ထပ်တစ်ခုက Adidas ပါ။ မန်ယူရဲ့လက်ရှိဝတ်စုံစပွန်ဆာက Adidas ဆိုတာ အားလုံးသိပါတယ်။ ပေါ့ဂ်ဘာက Adidas ရဲ့သံတမန်ကစားသမားတွေထဲက တစ်ဦးပါ။ မန်ယူမှာသာ သူမရှိတော့ မန်ယူနဲ့ Adidas ရဲ့အနေအထားက အပြောင်းအလဲတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ ပေါ့ဂ်ဘာလိုဝင်ငွေရှာပေးနေတဲ့ စူပါစတားကစားသမားတစ်ဦးကို ဝင်ငွေအဆုံးအရှုံးခံပြီး ရောင်းချမလား အသင်းမှာ ချော့ပြီးဆက်ထားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Share

Loading Next Article...
က္က