အီသီယိုးပီးယား အစိုးရအဖွဲ့မှာလည်း အမျိုးသမီးဝန်ကြီး ထက်ဝက်အထိ ပါဝင်လာပါတယ်။

အီသီယိုးပီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ဆာလီဝပ် ဇွီဒီကို လွှတ်တော်က အောက်တိုဘာ ၂၅ ရက်မှ အတည်ပြု ရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရပါတယ်။

အီသီယိုးပီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဆာလီဝပ်ခ် (Photo: Reuters)



သံတမန်တစ်ဦးအဖြစ် အတွေ့အကြုံရှိတဲ့ အသက် ၆၈ နှစ်အရွယ် ဆာလီဝပ်ခ် (Sahle-Work Zewde) ဟာ အီသီယိုးပီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတဲ့အပြင် အာဖရိကရဲ့ တစ်ဦးတည်းသော အမျိုးသမီး နိုင်ငံ့ခေါင်းဆောင်လည်း ဖြစ်လာခဲ့ပါတယ်။

ဆာလီဝပ်ခ်က သမ္မတရာထူးမှ နုတ်ထွက်သွားတဲ့ မူလာတာတက်စ်ဟုမ်းနေရာကို ဆက်ခံမှာဖြစ်ပါတယ်။ သမ္မတမူလာတာဟာ ရှင်းလင်းစွာ မသိရတဲ့ အကြောင်းပြချက်ဖြင့် သမ္မတရာထူးမှ နုတ်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီး ထက်ဝက်ပါဝင်လာသည့် အီသီယိုးပီးယား အစိုးရအဖွဲ့ (Photo: AFP)



ဆာလီဝပ်ခ်ကို သမ္မတအဖြစ် ရွေးချယ်ခန့်အပ်လိုက်ပြီးနောက် အာဖရိကမှာ ဒုတိယမြောက် လူဦးရေးအများဆုံးဖြစ်တဲ့ အီသီယိုးပီးယားနိုင်ငံရဲ့ အစိုးရအဖွဲ့မှာ အမျိုးသမီးများ ပါဝင်မှုအရေအတွက် ပိုမိုမြင့်တက်လာခဲ့ပါတယ်။

အီသီယိုးပီးယားရဲ့ ပြုပြင်ပြောင်းလဲရေးသမား ဝန်ကြီးချုပ်အဘီအာမက်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ဝန်ကြီး ၂၀ ဦးပါ ပိုမိုကျစ်လစ်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ရာမှာလည်း အမျိုးသမီးဝန်ကြီး အရေအတွက် ထက်ဝက်အထိ ပါဝင်လာခဲ့ပါတယ်။

၎င်းတို့အနက် အမျိုးသမီး ကာကွယ်ရေးဝန်ကြီး အိုင်ရှာမိုဟမ်မက်နဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ အေးချမ်းသာယာရေး ဝန်ကြီးဌာနကို ဦးဆောင်မယ့် အမျိုးသမီးဝန်ကြီး မူဖာရီယက်ကမေးလ်တို့လည်း ပါဝင်ပါတယ်။

ဆာလီဝပ်ခ်နှင့် ဝန်ကြီးချုပ် အဘီအာမက် (Photo: AFP)



"တစ်ကယ်လို့ အီသီယိုပီးယားမှာ လက်ရှိအပြောင်းအလဲတွေကို အမျိုးသားတွေနဲ့ အမျိုးသမီးတွေ တန်းတူညီမျှ ဦးဆောင်ကြမယ်ဆိုရင် ဘာသာရေးလွတ်လပ်ခွင့်ရှိပြီး၊ တိုင်းရင်းသားနဲ့ လိင်ခွဲခြားဆက်ဆံမှုတွေ မရှိဘဲ သာယာဝပြောတဲ့ အီသီယိုးပီးယားအဖြစ် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်" လို့ ဆာလီဝပ်ခ်က ပြောပါတယ်။

သမ္မတရာထူးမှ နုတ်ထွက်သွားသည့် မူလာတာတက်စ်ဟုမ်း (Photo: ENA)



အီသီယိုးပီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဆာလီဝပ်ခ်ကို အက်ဒစ်အဘာဘာမြို့တော်မှာ မွေးဖွားခဲ့ပြီး ပြင်သစ်နိုင်ငံရှိ တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။

ဆာလီဝပ်ခ်ဟာ ပြင်သစ်၊ ဂျီဘူတီ၊ ဆီနီဂေါ နိုင်ငံတွေနဲ့ ဒေသတွင်း အဖွဲ့အစည်း Intergovernmental Authority on Development (IGAD) တို့မှာ အီသီးယိုးပီးယားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ သမ္မတအဖြစ် ခြောက်နှစ်သက်တမ်း နှစ်ကြိမ် တာဝန်ထမ်းဆောင်းမယ်လို့ မျှော်လင့်ရကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က