စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ကိုယ်ပိုင် Instagram ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ Instagram မှာတော့ ပရိသတ် ပေါင်း ၄ သိန်း ကျော်ရှိပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် Facebook Page မှာတော့ ပရိသတ်ပေါင်း ၈သန်းကျော် ရှိပါတယ်။
Photo: စိုင်းစိုင်းခမ်းလှိုင်ပေ့ချ်
ပရိသတ်တွေရဲ့ အချစ်တော် ထိပ်တန်းအဆိုတော်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ကိုယ်ပိုင်သုံးတဲ့ Instragram အကောင့် နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြလာပါတယ်။ နောက်ဆိုရင်တော့ Facebook အပြင် Instagram ကို ပိုသုံးဖြစ်မယ် ဆိုတာကိုလည်း ဆက်လက် ပြောပြလာပါတယ်။
'' Guys !! Follow me on Instagram , Official SAISAIKHAMLENG Instagram has Blue Tick . စိုင်းစိုင်းရဲ့တရားဝင် IG မှာ အပြာရောင် အမှန်ခြစ်ပါဝင်ပါတယ်။ ဒီနောက်ပိုင်း Instagram မှာ ပိုပြီး active ဖြစ်နေတာကြောင့် Sai Sai Instagram ကို follow လုပ်ပါ'' ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: စိုင်းစိုင်းခမ်းလှိုင်ပေ့ချ်
စိုင်းစိုင်းရဲ့ Facebook Page မှာတော့ အားပေးသူ ပရိသတ်ပေါင်း ၈ သန်းကျော် ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Instagram မှာတော့ အားပေး သူ ပရိသတ်ပေါင်း ၄ သိန်း ၇ သောင်းကျော် ရှိတာကို တွေ့ရပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ဟာ သူ့ရဲ့ ကိုယ်ပိုင် Instagram အကောင့်မှာလည်း အနုပညာလှုပ်ရှားမှုတွေအကြောင်းကို တင်လေ့ရှိပါတယ်။
Show ပွဲအခွေ အမြန်ဆုံးဖြန့်ချိဖို့ ကြိုးစားနေတဲ့ စိုင်းစိုင်း
Photo: စိုင်းစိုင်းခမ်းလှိုင်ပေ့ချ်
မြန်မာနိုင်ငံ ဂီတလောကရဲ့ ထိပ်ဆုံးမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ရဲ့ တရားဝင် Facebook Page ကတော့ ဇွန်လ ၁၆ ရက်နေ့ ညမှာပဲ Follower ၈ သန်းပြည့်သွားခဲ့တာဖြစ်ပါတယ်။ သူ့ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေအတွက် လည်း ဒီ့ထက်ပိုကြိုးစားသွားဦးမယ်လို့ ဆိုပါတယ်။
Photo: စိုင်းစိုင်းခမ်းလှိုင်ပေ့ချ်
စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ အောက်တိုဘာလ ၁၄ ရက်နေ့ညက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပ ပြု လုပ်ခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲမှာ အဆိုတော် မို့မို့ ၊ ဂျွန် ၊ ကြိုးကြာ ၊ မသီရိဂျေ ၊ သီရိဆွေ ၊ ငယ်ငယ် ၊ ကောင်းမြတ် ၊ ဖြိုးကြီး ၊ နန္ဒစိုင်း ၊ မိုးမိုး ၊ ကို သအို ၊ ဘန်နီ ၊ ဖြိုးလေး ၊ နေဝင်း ၊ G Fatt ၊ ကိုမျိုးကျော့မြိုင် ၊ မောင်မောင်ပြည့်စုံတို့က ပါဝင်သီဆိုပေးခဲ့ကြတယ် လို့ သိရပါတယ်။