လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ညက ဂျူဗင်တပ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကမ္ဘာ့ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး အီတလီထိပ်သီးအသင်းကြီးရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရယူနိုင်ခဲ့ပါတယ်။ ဒီဂီယာဟာ ယခုရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ကစားသမားဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီကုန်မှာ အသင်းရဲ့ကစားသမားအများစုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရဖို့ရှိနေပြီး အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဂီယာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ဦးလှမောင်အတွက် နောက်ထပ်တစ်ကြိမ် ကျွမ်းထိုးခွင့် 

မော်ရင်ဟိုဟာ ဒီဂီယာကို စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိဘဲ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရမှာကို စိုးရိမ်နေပြီး စာချုပ်ပါအချက်အရ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေသေးတာကြောင့် သက်တမ်းတိုးထားတဲ့ကာလအတွင်း စာချုပ်သစ်ချုပ်ဆိုနိုင်အောင် ကြိုးပမ်းရမှာဖြစ်ပါတယ်။

 

အိုးထရက်ဖို့ဒ်ရဲ့အတွင်းသတင်းရင်းမြစ်တစ်ဦးက ဒီဂီယာဟာ ပြောင်းရွှေ့မယ့်အသင်းကို ရွေးချယ်ထားပြီးဖြစ်တဲ့အပြင် ယင်းအသင်းနဲ့ပါ ကစားခဲ့ပြီးဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

"ဒီဂီယာဟာ အင်္ဂါနေ့မှာ သူ့ရဲ့အနာဂတ်အသင်းနဲ့ ကစားခဲ့ပါတယ်"

"ဂျူဗီဟာ အပြောင်းအရွှေ့အကွက်မြင်တဲ့နေရာမှာ အထူးကျွမ်းကျင်ပါတယ်။ ယူနိုက်တက်ကသာ သူ့ကို လာမယ့်နွေရာသီမှာ မရောင်းချရင် ဂျူဗင်တပ်အသင်းဟာ ဒီဂီယာရဲ့စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ စောင့်ဆိုင်းပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့ အသက် ၁၉ နှစ်အရွယ် ပေါ့ဂ်ဘာကို ခေါ်ယူခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ ဒီဂီယာတို့ရဲ့ ယခုထွက်ပေါ်လာတဲ့သတင်းဟာ နည်းပြမော်ရင်ဟိုအတွက် ဒေါသထွက်စရာဖြစ်လာခဲ့ပါတယ်။

Share

Loading Next Article...
က္က