ခင်ဇာခြည်ကျော်က သားကြီး ဘုန်းမင်းနေလ ဟာ ဂေးတစ်ယောက် မဟုတ်တဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြ လာပါ တယ်။ ဂေးတစ် ယောက် မဖြစ်နိုင်တဲ့ အချက်တွေကိုလည်း ဆက်လက်ပြောပြလာပါတယ်။
Photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘွတ်
သရုပ်ဆောင် ခင်ဇာခြည်ကျော်တစ်ယောက် သူ့ရဲ့ သားကြီးဖြစ်တဲ့ ဘုန်းမင်းနေလ က ဂေးတစ်ယောက် မဟုတ်တဲ့အကြောင်းကို ပြောပြလာ ပါတယ်။ သားဖြစ်သူဟာ ယောကျ်ားစစ်စစ် တစ်ယောက်ဖြစ်တယ် ဆိုတာကိုလည်း အာမခံတယ် ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
'' တချို့ကျတော့လည်း ဒီဟာက မွေးရာပါတွေဖြစ်တယ်။ ဂေးတယ် မဂေးဘူးဆိုတာ မွေးကတည်းက ပါလာတာတွေရှိတယ်။ ကြီးလာမှလည်း ဂေးဖြစ်တာရှိသလို အိမ်ထောင်ကျပြီးမှ ဂေးသွားတာတွေလည်းရှိတယ်။ ဒါက သူ့ရဲ့ ကံတရားနဲ့ သူ့ရဲ့ အကြောင်းအကျိုးတွေက ဖြစ်လာတာ လေ။ အစ်မ ရဲရဲဝံ့ဝံ့ အာမခံနိုင်တာကတော့ အစ်မသားက ဂေးလုံးဝ မဟုတ်ဘူး။ သူ့စိတ်ဓာတ်ကိုက ယောကျ်ားစစ်စစ်ပေါ့နော်'' လို့ ဆိုပါ တယ်။
Photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘွတ်
သားအတွက် ဖြစ်စေချင်တဲ့ အိပ်မက်ကိုပြောလာတဲ့ ခင်ဇာခြည်ကျော်
သားဖြစ်သူ ဘုန်းမင်းနေလ ကိုလည်း တစ်ပါးသူကို မကဲ့ရဲ့ အောင် ဆုံးမသွန်သင်ထားတယ်လို့ ခင်ဇာခြည်ကျော်က ပြောပါတယ်။ သူတစ်ပါး ကို ကဲ့ရဲ့ ရင် ဝဋ်လည် တတ်တယ် လို့လည်း သူကဆိုပါတယ်။
'' သူ့ကိုလည်း ပြောတယ်လေ အခုသာ အဲ့ဒီလို မဟုတ်ပေမယ့် လူဆိုတာ ပြောလို့မရဘူး၊ သူများတွေကို မကဲ့ရဲ့ နဲ့ လို့တော့ပြောထားတယ်။ ကဲ့ ရဲ့ ရင်လည်း ဝဋ်လည်တတ်တယ်လေ။ ဒါပေမယ့် အခုချိန်ထိကတော့ အစ်မ လုံးဝပြောရဲတယ်။ သူက လုံးဝ ယောကျ်ားပဲ'' ဆိုပြီးတော့ အောက်တိုဘာလ ၂၃ ရက်နေ့ညက တစ်ခုလပ် ရုပ်ရှင် ဇာတ်ကား အထူးပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘွတ်
ခင်ဇာခြည်ကျော်ဟာ သားကြီး ဘုန်းမင်းနေလက ဂေးတစ်ယောက် မဟုတ်တဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြတာဖြစ်ပါတယ်။ ငယ် ငယ် ကတည်းက အကြမ်းပတမ်းတွေပဲ ဆော့တတ်တဲ့ သားဖြစ်တာကြောင့် ဂေးတစ်ယောက် မဟုတ်ဘူးလို့ ပြောပါတယ်။
'' သူက ငယ်ငယ်လေးကတည်းက ကစားရင်တောင် သေနတ်တို့၊ ဓားတို့နဲ့ပဲ ကစားနေတဲ့ ကလေးဖြစ်တဲ့အတွက် ကြမ်းကြမ်းတမ်းတမ်းတွေ ဆော့တယ်။ ဒီလိုအကြောင်းအရာတွေကလည်း အလှအပကို ကြိုက်တာတို့ ဘာတို့ အပေါ်မှာ ခုံမင်သွားတဲ့ဟာတွေကလည်း ဖြစ်လာတာများ တယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။
Photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘွတ်
သရုပ်ဆောင်ခင်ဇာခြည်ကျော်မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေ တယ်လို့ သိရပါတယ်။