တရုတ်နိုင်ငံပိုင် ကုမ္ပဏီဖြစ်တဲ့ အာရွမ်ကုမ္ပဏီနဲ့ မြန်မာ့မီးရထားတို့ပူးပေါင်းပြီးမူဆယ်နဲ့ မန္တလေးကြားမှာ အမြန်ရထားလမ်းဖောက်ဖို့ အတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်ကြပြီဖြစ်ပါတယ်။
Photo - Yahoo News Singapore
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ကုန်ပစ္စည်းတွေ အဓိက တင်ပို့ရာမြို့ဖြစစ်တဲ့ မူဆယ်မြို့ဟာ တရုတ်ပြည်ယူနန်နယ်နဲ့ တဆက်တည်းရှိနေတာဖြစ်ပြီး ရထားလမ်းတည်ဆောက်နိုင်မယ်ဆိုရင် နှစ်နိုင်ငံကုန်သွယ်ရေး ပိုပြီး ကောင်းလာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။
ရထားလမ်းဟာ ၄၃၁ ကီလိုမီတာရှည်ပြီး တနာရီကို ကီလိုမီတာ ၁၆၀ အမြန်နှုန်းနဲ့ သွားမယ့် ရထားအတွက် ပုံစံထုတ်ထားပါတယ်။မြန်မာနိုင်ငံအတွင်း စီးပွားရေးအချက်အခြာ မြို့တွေနဲ့ နိုင်ငံမြောက်ပိုင်းက အရေးကြီးမြို့တချို့ကို မီးရထားလမ်း ဖြတ်သန်းဖောက်လုပ်မှာပါ။
နားလည်မှုစာချွန်လွှာမှာ လက်မှတ်ရေးထိုးမှုကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဖြစ်နိုင်ချေအတွက် စစ်တမ်းကောက်ယူမှုကို ၂ နှစ်ကြာပြုလုပ်သွားဖို့ရှိနေတယ်လို့ တရုတ်ပြည်ရဲ့ South China Morning Post သတင်းမှာ ဖော်ပြပါတယ်။
ဒီရထားလမ်းကို တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ မကြာခင် ဆောက်လုပ်မယ့် မူဆယ်-မန္တလေး ရထားလမ်းပိုင်းနဲ့ တပြိုင်တည်း ဆောက်လုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်ရဲ့ ပြောဆိုချက်ကိုဖော်ပြထားပါတယ်။