လှိုင်သာယာစက်မှုဇုန်က AA Electronic စက်ရုံက level 5 အဆင့်မီးလောင်မှုနဲ့ပါတ်သတ်ပြီး အကြောင်းရင်းမသိရှိရသေးဘူးလို့ ရန်ကုန်မြို့မီးသတ်ဦးစီးဌာန ဒုတိယရဲမှူးဝင်းနိုင်က အောက်တိုဘာ ၂၆ ရက်နေ့က Duwun ကိုပြောပါတယ်။
Photo - မောင်း
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ ၊ ဘုရားလမ်းထိပ် မှာရှိတဲ့ AA လျှပ်စစ်စက်ရုံကို အောက်တိုဘာ ၂၅ ရက်နေ့ ည၁၀ နာရီလောက်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ည ၂ နာရီ ၃၀ မိနစ်လောက်ကျမှ မီးထိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
“မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ မီးကများတော့ အခုမနက်ပိုင်းကမှ မီးသတ်ကားတွေပြန်လာတာပါ။ ဆုံးရှုံးမှုတန်ဖိုးကို မတွက်ချက်ရသေးပါဘူး။” လို့ သူကပြောပါတယ်။
Photo - မောင်း
မီးလောင်ကျွမ်းမှုကြောင့် စက်ရုံမှာရှိတဲ့အဆောက်အအုံ ၂ လုံးမီးလောင်ကျွမ်းသွားတာဖြစ်ပြီးတော့ အောက်တိုဘာ ၂၅ ရက်နေ့ ညကိုးနာရီလောက်က လောင်ကျွမ်းခဲ့တာဖြစ်ပြီးအောက်တိုဘာ ၂၆ ရက်နေ့ မနက် ပိုင်းအထိ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
“မီးလောင်တာက တော်တော်များတယ်။ ပေါက်ကွဲသံတွေလည်းကြားရတယ်။ မီးသတ်ကားတွေလည်းအတော်လာတာများတယ်။” လို့ လှိုင်သာယာမြို့နယ်မှာနေထိုင်တဲ့ မသူဇာက ပြောပါတယ်။