တစ်ခါတစ်လေမှာကိုယ့်ရဲ့အဝတ်အထည်တွေက လျှော်ဖွပ်ပြီးသားဖြစ်ပေမယ့် အနံ့ဆိုးတွေကျန်နေမယ်ဆိုရင် လူကြားထဲရောက်တဲ့အခါယုံကြည်မှုပျောက်ဆုံးပြီး စိတ်တွေလည်း လေးလံထိုင်းမှိုင်းနေမှာပါ။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ရဲ့အဝတ်အထည်လေးတွေက တစ်နေ့တာလုံးမွှေးပျံ့လန်းဆန်းနေမယ်ဆိုရင် စိတ်ကြည်လင်လန်းဆန်းနေမှာ အသေအချာပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့အဝတ်အထည်လေးတွေ အနံ့ဆိုးကင်းစင်ပြီး တစ်နေ့တာလုံး မွှေးပျံ့လန်းဆန်း နေမယ့် နည်းလမ်း ၃ ခုကိုဝေမျှပေးချင်ပါတယ်။
(၁) လေသလပ်ခံပါ
အဝတ်အထည်တွေကိုလျှော်ဖွပ်ပြီးတဲ့နောက်မှာ လေသိပ်မရတဲ့နေရာမှာလှန်းထားမိမယ်ဆိုရင် အဝတ်တွေခြောက်သွား ရင်တောင် အနံ့ဆိုးတွေကကျန်နေခဲ့နိုင်ပါတယ်။ ဒါကြောင့်လေတိုက်တဲ့နေရာမျိုးမှာလှန်းပြီး လေသလပ်ခံပေးမယ်ဆိုရင် အနံ့ဆိုးဖြစ်နိုင်ချေလျော့နည်းနိုင်ပါတယ်။ တကယ်လို့ ကိုယ်အဝတ်လှန်းတဲ့နေရာက လေသိပ်မတိုက်ဘူးဆိုရင် ပန်ကာလေနဲ့ လည်း လေသလပ်ခံလို့ရပါတယ်။
(၂) ဆိုဒါမှုန့်သုံးပါ
လျှော်ဖွပ်ပြီးတဲ့နောက်မှာတောင် အင်္ကျ ီတွေဆို ချိုင်းကြား၊ ဘောင်းဘီတွေဆိုရင် ပေါင်ကြားနေရာတွေမှာ အနံ့ဆိုးတွေ စွဲကျန်နေတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ဆိုဒါမှုန့်ကိုရေနဲ့ခပ်ပျစ်ပျစ်ဖျော်ကာ အနံ့ဆိုးစွဲနေတဲ့နေရာတွေမှာ သုတ်လိမ်းပေးပါ။အဲဒီနောက် ခြောက်တဲ့အထိထားပြီးမှဆိုဒါမှုန့်တွေကို ဘရပ်ရှ်နဲ့ပြန်တိုက်ပစ်လိုက်မယ်ဆိုရင် အနံ့ဆိုးတွေ ပျောက်ကင်းသွားနိုင်ပါတယ်။
(၃) Fino အမွှေးဆီသုံးပါ
ဒါကတော့ အလုပ်မရှုပ်ဘဲ ကိုယ့်ရဲ့အဝတ်အထည်လေးတွေတစ်နေ့တာလုံးမွှေးပျံ့လန်းဆန်းနေစေမယ့် အသေချာဆုံး နည်းလမ်းပါပဲ။ အဝတ်လျှော်တိုင်း နောက်ဆုံးရေဆေးတဲ့အဆင့်မှာ Fino အမွှေးဆီကိုဆေးမယ့်ရေထဲရောမွှေပြီး ထိုရေထဲမှာ အဝတ်တွေကို ၃ မိနစ်စိမ်ထားလိုက်ရုံပါပဲ။အဲဒီနောက်မှာရေပြန်ဆေးဖို့မလိုဘဲ ရေစင်အောင်ညှစ်ပြီး လှန်းလိုက်မယ်ဆိုရင် လျှော်လိုက်တဲ့အဝတ်အထည်လေးတွေကတစ်နေ့တာလုံး မွှေးပျံ့လန်းဆန်းနေမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Fino အမွှေးဆီက အဝတ်အထည်တွေကို ပျော့ပျောင်းနူးညံ့စေပြီး အလွယ်တကူဟောင်းနွမ်းပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။ မီးပူတိုက်ရလွယ်စေမှာဖြစ်သလို အရောင်မလွင့်ဘဲသပ်ရပ်တောက်ပစေမှာပါ။ Fino အမွှေးဆီကို နှင်းဆီပန်းရနံ့နဲ့သစ်သီးရနံ့ပေးစွမ်းတဲ့ Blossom Fresh(ခရမ်းရောင်) ၊ ပန်းပေါင်းစုံတို့ရဲ့လန်းဆန်းသော မွှေးရနံ့ကိုပေးစွမ်းတဲ့ Sweet Passion (ပန်းရောင်)၊ သင်းပျံ့ကြွယ်ဝတဲ့နှင်းဆီပန်းရနံ့ကိုပေးစွမ်းတဲ့ Magical Rose(အနီရောင်) နဲ့ သန့်ရှင်းလတ်ဆတ်ချိုမြတဲ့ရနံ့ကိုပေးစွမ်းတဲ့ Blue Spa(အပြာရောင်) ဆိုပြီး ရနံ့ ၄ မျိုးထုတ်လုပ်ထားတာကြောင့် ကိုယ်အကြိုက်နဲ့ကိုက်ညီတဲ့ နှစ်သက်ရာရနံ့ကိုရွေးချယ်သုံးစွဲနိုင်ပါတယ်။
Fino အမွှေးဆီကိုအမြို့မြို့အနယ်နယ်ရှိ Supermarket ကြီးတွေ၊ စတိုးဆိုင်ကြီးတွေမှာအလွယ်တကူဝယ်ယူရရှိ နိုင်ပါတယ်။