ကျော်ကျော်ကတော့ သူ့ရဲ့ ပရိသတ်တွေအတွက် သူကြိုက်တဲ့ ကုလားသီချင်းကောင်းလေးကို တင်ဆက်ပေးခဲ့တဲ့ ရည်ရွယ်ချက် ကို ပြောပြ လာပါတယ်။ ပရိသတ်တွေပျော်စေချင်တဲ့ ဆန္ဒကြောင့်လည်းဟာသ ဗီဒီယိုလေးတွေ တင်ပေးဖြစ်တယ်လို့ဆိုပါတယ်။
Photo: ကျော်ကျော်ဖေ့စ်ဘွတ်
ပရိသတ်တွေကို အမြဲတမ်း ပျော်ရွှင်စရာလေးတွေပဲ တင်ဆက်ပေးတတ်တဲ့ သရုပ်ဆောင် ကျော်ကျော်ဟာ အွန်လိုင်းပေါ်ကနေ ပရိသတ် တွေကို သီချင်းဆိုပြဖြစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ကျော်ကျော်၊ ဆုမြတ်နိုးဦး နဲ့ ညီထွဋ်ခေါင်တို့ စုံရင်လည်း ဟာသ ဗီဒီယိုလေး တွေ တင်ပေးဖြစ်တယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။
'' အစ်ကိုက အစကတည်းက သီချင်းလေးတွေကို Cover ပြန်ဆိုထားတာလေးတွေရှိပါတယ်။ အဲ့ဒါကြောင့် သီချင်းဆိုတာကို ဒိုင်ကန်တင်ဖြစ် တာပေါ့။ ဟာသဗီဒီယို ဖိုင်တွေကတော့ ၃ ယောက် စုံရင်လည်း ခွီနေကြတဲ့အခါကျတော့ ဒါလေးတွေကိုပဲ ရိုက်ထားပြီးတော့ တင်ပေးဖြစ်တာ လေးတွေပေါ့''
Photo: ကျော်ကျော်ဖေ့စ်ဘွတ်
ကျော်ကျော်က မကြာသေးခင်က သူ့ရဲ့ ပရိသတ်တွေကို ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ ကုလားသီချင်းလေးတစ်ပုဒ် ကို ဗီဒီယိုဖိုင်တင်ပြီး ဆိုပြခဲ့ပါသေးတယ်။ ဒီ ဗီဒီယိုဖိုင်လေးကလည်း ပရိသတ်ကြားမှာ ပျော်စရာကောင်းတဲ့ မှတ်ချက်လေးတွေနဲ့ အောင်မြင်မှုရခဲ့ပါသေးတယ်။
'' အဲ့ဒါကလေ တကယ်ကို ဇာတ်ကားထဲမှာ ပါတဲ့ သီချင်းလေးပါ။ အဲ့ဒါကိုပဲ ဆိုထားတာ ဒါကို မသိတဲ့ သူတွေကတော့ တစ်မျိုးထင်ကြ တာ ပေါ့လေ။ အဲ့ဒီ သီချင်းလေးကို ကြိုက်လို့ ဆိုထားတာပါ '' ဆိုပြီးတော့ အောက်တိုဘာလ ၂၁ ရက်နေ့က အမုန်းတွေ ခေါက်ထားလိုက် ရုပ်ရှင် အထူးပွဲမှာ ဖြေဆိုခဲ့တာပါ။
မင်းသွေးက သူငယ်ချင်းကောင်းဖြစ်ခဲ့ပါတယ်ဆိုတဲ့ ကျော်ကျော်
Photo: ကျော်ကျော်ဖေ့စ်ဘွတ်
ကျော်ကျော်ဟာ တစ်ချိန်တုန်းက ရည်းစားတွေ အများကြီး ထားခဲ့ဖူးတယ်လို့ဆိုပါတယ်။ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်တဲ့ သူ့အတွက်တော့ အဆင်မပြေခဲ့ဘူးလို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒီ့အတွက်လည်း သူ့ကို ကြိုက်မယ့် ကောင်မလေးလည်း မရှိတော့ဘူးလို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။
'' သူချစ်ကိုပဲ ယူပြီး ကိုယ်ချစ်မပါဘူးဆိုရင်လည်း အဆင်မပြေဘူး နေရတာ မွန်းကျပ်တာပေါ့လေ။ အစ်ကိုပဲ ချစ်ပြီး သူက ပြန်မချစ်ရင်လည်း ဒါက အနည်းနဲ့အများတော့ ထိခိုက်ရတာပဲ။ အဓိက က သူလည်းချစ် ကိုယ်လည်းချစ်ပဲ ဖြစ်ချင်ပါတယ်။ အဲ့ဒါကလည်း ပိုအရေးကြီးပါတယ်'' လို့ ဆိုပါတယ်။
Photo: ကျော်ကျော်ဖေ့စ်ဘွတ်
သရုပ်ဆောင်ကျော်ကျော်ကို ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာ ဖြစ်ပါ တယ်။ အခုလက်ရှိမှာလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်နေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုံရှင်ဇာတ်ကား ကြီးတွေကလည်း ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။