သဘောတူညီမှုရရှိဖို့ မျှော်လင့်ချက်ရှိသေးတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး အန်သိုနီမာရှယ်ဟာ စာချုပ်သစ်အတွက် အသင်းကနေ နောက်ဆုံးကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပြီး သဘောတူညီမှုရရှိဖို့အတွက် ဆက်လက်ကြိုးပမ်းသွားဦးမယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။

skysports-anthony-martial-manchester-united_4437615.jpg

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နှစ်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မာရှယ်ကို ကာလရှည်စာချုပ်သစ် ချုုပ်ဆိုလိုတဲ့ဆန္ဒရှိနေပြီး စာချုပ်သက်တမ်းကုန်ဆုံးလို့ ၁ နှစ်သက်တမ်းတိုးမယ်ဆိုရင်တောင် ၂၀၂၀ ခုနှစ်အထိသာ အသင်းမှာဆက်ရှိနေတော့မှာဖြစ်ပါတယ်။

ဆဲရေးခဲ့တဲ့ ဂျူဗင်တပ်ပရိသတ်တွေကို လက် ၃ ချောင်းထောင်ပြခဲ့ပြန်တဲ့ မော်ရင်ဟို 

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလတုန်းက နည်းပြမော်ရင်ဟိုဟာ မာရှယ်ကို အသင်းကနေ ထွက်ခွာလိုပါက ထွက်ခွာခွင့်ပြုသွားမယ်လို့ ပြောကြားခဲ့ပြီး မာရှယ်ရဲ့အေးဂျင့်ကိုယ်တိုင်ကလည်း အိုးထရက်ဖို့ဒ်ကနေ မာရှယ်ထွက်ခွာလိုနေတယ်လို့ လူသိရှင်ကြားဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

 

အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ အန်သိုနီမာရှယ်ဟာ ယခုရာသီမှာ ပွဲထွက်ကစားခွင့် ၄ ပွဲရရှိထားပြီး ၆ ပွဲကစားထားရာမှာ ၃ ဂိုးသွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။ မာရှယ်ဟာ ၂၀၁၅ ခုနှစ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

လူးဝစ်ဗန်ဟားလ်လက်အောက် ပထမဆုံးပွဲဦးထွက်ရာသီမှာ ၁၇ ဂိုးအထိ သွင်းယူပြီး အဖွင့်လှခဲ့တဲ့ မာရှယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ၉ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး နည်းပြမော်ရင်ဟိုရဲ့ အထင်ကြီးလေးစားမှုကို ရရှိဖို့အတွက် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ယခုရာသီမှာ ပုံမှန်ခြေစွမ်းပြန်လည်ရရှိနေတဲ့ မာရှယ်ကို မန်ယူအသင်းက စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့် မာရှယ်က ငြင်းပယ်ခဲ့တာဖြစ်ပြီး သဘောတူညီမှုရရှိဖို့အတွက် မန်ယူအသင်းက ထပ်မံကြိုးပမ်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က