ရုပ်လည်း မလှသူ၊ ဆွဲဆောင်မှုလည်း မရှိသူပါတဲ့။

ငွေဇင်လှိုင်းက ပရိသတ်တွေအတွက် သူ့ရင်ထဲက လာတဲ့ ဂီတသံစဉ်လေးတွေ ဖန်တီးပေးမယ်လို့ဆိုပါတယ်။ သူ့ရဲ့ တစ်ကိုယ် တော်အခွေ ထွက်နိုင်ဖို့ကိုလည်း ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo: ငွေဇင်လှိုင်းဖေ့စ်ဘွတ်

 

Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကနေ ပရိသတ်အားပေးမှု အများကြီးရရှိခဲ့တဲ့ ငွေဇင်လှိုင်း က သူ့ရဲ့ အကျင့်လေးတွေကို အခုလို ပြော ပြလာပါတယ်။ သူမဟာ မိန်းကလေးမဆန် မလှပပေမယ့် ပရိသတ်တွေအတွက် ဂီတသံစဉ်လှလှလေးတွေ ဖန်တီးပေးနိုင်တယ်လို့ ဆိုပါတယ်။

'' ဖွဲ့ဖွဲ့ နွဲ့နွဲ့ စကားလုံးတွေနဲ့ မပြောဆိုတတ်ဘူး။ မိန်းကလေးဆန်တဲ့ အမူအကျင့်လဲ မရှိဘူး။ စွဲမက်စရာကောင်းတဲ့ ရုပ်ရည်လဲမပိုင်ဆိုင်ဘူး

လှပတဲ့ ဘော်ဒီလဲ မရှိဘူး။ ရင်ဘတ်ထဲကလာတဲ့ ခံစားချက်နဲ့ တော့ဂီတသံစဉ်လေးတွေ ဖန်တီးပေးနိုင်ပါတယ် '' ဆိုပြီးတော့ အောက်တိုဘာ လ ၂၆ ရက်နေ့ နေ့လည် ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ပါတယ်။

Photo: ငွေဇင်လှိုင်းဖေ့စ်ဘွတ်

 

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ငွေဇင်လှိုင်းဟာ ပရိသတ်အားပေးချစ်ခင်ခြင်းကို ရရှိထားတဲ့ ပြိုင်ပွဲဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အမြဲတမ်း တရင်းတနှီး စကားပြောတတ်သလို သူမရဲ့  လှုပ်ရှားမှုတော်တော်များများကိုလည်း ပရိသတ်တွေ နဲ့အတူ ဖြတ်သန်းဖြစ်သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo: ငွေဇင်လှိုင်းဖေ့စ်ဘွတ်

 

ငွေဇင်လှိုင်းဟာ လက်ရှိမှာ ဖျော်ဖြေပွဲသွားနေရတာ တွေ့ရပါတယ်။ ငွေဇင်လှိုင်းက ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရပေမယ့်လည်း  သူမရဲ့ ပရိသတ် တွေအတွက် သီချင်းအသစ်တွေနဲ့ ပြန်လာခဲ့ပါမယ်လို့ သူမက ပြောပါတယ်။

'' "ငွေဇင်သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေလုပ်ဖို့ရှိတယ်။ ပြီးတော့ ငွေဇင် Single လေးတွေလည်း ထွက်ဖို့ရှိတယ်။Featuring လေးတွေ လည်း ဆိုမယ်။အခုလောလောဆယ် အဆင်သင့်ဖြစ်နေတဲ့ သီချင်း လေးတွေလည်း ရှိတယ်။ ချက်ချင်းချပြဖို့ရတဲ့ အနေအထားမဟုတ်သေး တော့ အကုန်လုံးကို အကောင်းဆုံးပြင်ဆင်ပြီးရင်တော့ ငွေဇင်ပြန် လာခဲ့ ပါ့မယ်။ငွေဇင်မှာကအစကတည်းက သီချင်းတွေ ရှိခဲ့ပေမယ့် ပရိသတ်မရှိခဲ့ဘူး ချပြဖို့အခွင့်အရေးမရခဲ့ဘူး'' လို့ Duwun Media အင်တာဗျူးမှှာဖြေဆိုခဲ့ပါတယ်။

Photo: ငွေဇင်လှိုင်းဖေ့စ်ဘွတ်

 

ငွေဇင်လှိုင်းဟာ Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ တစ်ဆင့်ချင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့်လည်း Myanmar Idol Season 3 (Top-4+1) Result Show မှာ ပရိသတ်တွေကို နှုတ်ဆက် ခဲ့ရပါတယ်။ မကြာခင်မှာ ပရိသတ်တွေရှေ့ကို အနုပညာ လှုပ်ရှားမှုတွေနဲ့ ပြန်လည်ရောက်ရှိလာဦးမယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က