ကန်တိုနာက မန်ယူတိုက်စစ်မှူးဟောင်းပါ။

BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်း အဲရစ်ကန်တိုနာက အသင်းဟောင်းရဲ့ ပွဲစဉ်တွေကို ကြည့်ရှုနေရတာဟာ စိတ်ဆင်းရဲဖွယ် ဖြစ်နေခဲ့တယ်လို့ ပြောဆိုလိုက်ကြောင်း သိရပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၁၀)နေရာရပ်တည်နေရပြီး ချန်ပီယံလိဂ်ပွဲမှာလည်း ဂျူဗင်တပ်စ်ကို အရေးနိမ့်ခဲ့ရပါတယ်။

Photo : BBC

 

ဂျူဗင်တပ်စ်နဲ့ပွဲအပြီးမှာ မန်ယူအသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီး မော်ရင်ဟိုဟာလည်း ဖိအားတွေအောက်ကို ပိုမိုရောက်ရှိနေခဲ့ပါတယ်။ အသင်းကို အလှည့်အပြောင်း မပြုလုပ်နိုင်ဘူးလို့ ပြစ်တင်ခံနေရခဲ့ရပြီး ကစားသမားဟောင်းတွေဖြစ်တဲ့ ဖာဒီနန်၊ ပေါလ်စခိုးတို့ကလည်း အသင်းခြေစွမ်းအပေါ် ကဲ့ရဲ့ဝေဖန်ခဲ့ကြပါတယ်။

Photo : 90 min

 

"သူက အသင်းအတွက် မှန်ကန်သင့်တော်တဲ့သူ မဟုတ်ပါဘူး၊ ခင်ဗျားအနေနဲ့ ပွဲတွေကို ရှုံးနိုင်တယ်၊ ဒါပေမယ့် စွန့်စားမှုတော့ ခင်ဗျားမှာ ရှိကိုရှိရမှာပေါ့၊ ဂျူဗင်တပ်စ်ကို ရှုံးတဲ့ပွဲမှာဆို သူတို့က ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းလောက်ထိ ရသွားခဲ့ပါတယ်၊ ဒီအချိန်မှာ ဖာဂီသာ အသင်းခုံတန်းမှာ ရှိရင် ဘာလုပ်မယ်လို့ ထင်မိလဲ"

 

"စိတ်ဒုက္ခရောက်ရပါတယ်၊ ခဏခဏကို စိတ်ဒုက္ခရောက်ရတာပါ၊ မန်စီးတိးရဲ့ အံ့အားသင့်ဖွယ် ကစားပုံကိုမြင်ရင် ပိုပြီးတော့ ဆိုးပါတယ်၊ အသင်းမှာ စံနမူနာယူစရာ ကစားသမားလိုအပ်နေတာပါ၊ ကောင်းကောင်းရွေ့လျားနိုင်တဲ့သူ၊ ဖန်တီးမှုမြင့်မားတဲ့ ကစားသမားမျိုးကို အသင်းမှာ လိုအပ်နေတာပါ၊ ယူနိုက်တက်က အသင်းအကြောင်းကောင်းကောင်းသိတဲ့ ကစားသမားတွေကို အခွင့်အရေးမပေးခဲ့ပါဘူး"

Photo : 90 min

 

"အသင်းရဲ့ အတွေးအခေါ်နဲ့ အစဉ်အလာကို သိတဲ့လူမျိုးပေါ့၊ တခြားလူတွေ ဘယ်လိုစဉ်းစားလဲတော့ မသိဘူး၊ ကျွန်တော်ကတော့ အဲဒီလိုပဲ ပြောချင်ပါတယ်၊ ဘာလို့လဲဆိုတော့ မန်ယူနည်းပြနေရာကို ကျွန်တော် တာဝန်ယူချင်လို့ပါ၊ ဒါအမှန်တရားပါပဲ၊ ရွိုင်ယန်ဂစ်လား၊ ဘယ်ကစားသမားဟောင်းကိုမဆို အသင်းအနေနဲ့ အခွင့်အရေးပေးသင့်ပါတယ်" လို့ ကန်တိုနာက ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

 

Share

Loading Next Article...
က္က