အဆိုတော်အိမ့်ချစ်က သူ့အနေနဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အတိတ်မှာ ကြိုးစားခဲ့ရတဲ့ အခက် အခဲ တွေကို မမေ့နိုင်ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ သူပိုင်ဆိုင်ချင်တဲ့ အိမ်လေးတစ်လုံး ပိုင်ဆိုင်ခွင့်ရတဲ့ ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
Photo: အိမ့်ချစ်ဖေ့စ်ဘွတ်
အောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ အိမ့်ချစ်ဟာ အခုလက်ရှိမှာတော့ ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသူဖြစ်ပါတယ်။ သူမအနေနဲ့ အောင်မြင်နေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ကြီးကျယ်တဲ့စိတ် မဝင်မိအောင် အတိတ်က အကြောင်းအရာတွေနဲ့ ပြန်ဖြေသိမ့်တတ် တယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
'' အိမ့်ချစ်က အမြဲတမ်း ဘဝမမေ့တဲ့သူဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဘဝဟောင်းလေးကို အမြဲတမ်းလွမ်းတယ်။ ကိုယ်အလုပ်တွေ မလုပ်ချင်တော့ ဘူး ပင်ပန်းလာလို့ နည်းနည်း ကြီးကျယ်ချင်လာပြီဆိုတဲ့ အချိန်မျိုးကျရင် အမြဲတမ်းကိုယ့်ရဲ့ အတိတ်ဘဝကို ပြန်တွေးတယ်။ ငါ ဒီလိုဖြစ်လာဖို့ အဲ့ဒီလိုတွေ ကြိုးစားခဲ့တာဖြစ်တဲ့အတွက် အိမ်လေးကိုလည်း ဘယ်တော့မှ မမေ့ပါဘူး'' လို့ဆိုပါတယ်။
Photo: အိမ့်ချစ်ဖေ့စ်ဘွတ်
အမှတ်တရများစွာရှိတဲ့ အိမ်လေးအကြောင်း ပြောပြရင်း မျက်ရည်ကျခဲ့တဲ့ အိမ့်ချစ်
အိမ့်ချစ်ဟာ လက်ရှိနေထိုင်လျှက်ရှိတဲ့ အိမ်လေးကဆိုရင် သူ့ရဲ့ အနုပညာကြေးက ရတဲ့ငွေနဲ့ ဝယ်လိုက်တဲ့ အိမ်လေးဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်ဝင်ငွေ စစ်စစ်နဲ့ ဝယ်ထားတဲ့ အိမ်ဖြစ်တာကြောင့်လည်း တန်ဖိုုးထားတယ်လို့ ဆိုပါတယ်။ အိမ်သစ်လေးကို ပိုင်ဆိုင်ပေမယ့် အိမ်ဟောင်းလေးကိုလည်း လွမ်းတယ်လို့ ပြောပါတယ်။
'' မိဘရဲ့ လက်ငုတ်လက်ရင်း ငွေကြေးလည်း တစ်ပြားမှ မပါဘူး၊ အမှန်အတိုင်းပြောတာပါ။ အိမ့်ချစ်အမေဆို အရမ်းစိတ်မကောင်းဖြစ်တယ်။ သူများတွေဆို နဂိုနေတဲ့ အိမ်ကိုရောင်းပြီး သားသမီးရဲ့ အနုပညာငွေကြေးနဲ့ ခြံကြီးတွေ ဝယ်ကြတယ်ပေါ့။ ငါ့သမီးလေးကျတော့ မဝယ်ပေး နိုင်ဘူး၊ သူ ၁ ကနေစပြီး ကြိုးစားလာတာ ဒီလောက်ပိုက်ဆံ၊ ဒီလောက်အခန်းလေး ဝယ်နိုင်တာကို ဂုဏ်ယူနေတယ်ပေါ့။ ဒါကလည်း အိမ့်ချစ် အမေက ပိုက်ဆံ စုစုပေးထားလို့ ဒီလို ဝယ်နိုင်တာပါ။ ဒါကြောင့်လည်း တန်ဖိုးထားပါတယ်'' လို့ သူကဆိုပါတယ်။
Photo: အိမ့်ချစ်ဖေ့စ်ဘွတ်
အိမ့်ချစ်ဟာ အိမ်ဟောင်းလေးကို မေလ(၁၇)ရက်နေ့က စွန့်ခွာခဲ့တာပါ။ အဲ့ဒီအိမ်ဟောင်းလေးဟာ သူမအတွက် အမှတ်တရတွေ အများကြီး ရှိခဲ့သလို နာကျင်မှုတွေလည်း အများကြီးလည်း ရှိခဲ့တဲ့ နေရာတစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သူအရမ်းပိုင်ဆိုင်ချင်တဲ့ အိမ်လေးကို ရရှိခဲ့တဲ့ ပီတိစကားသံကိုလည်း ပြောပြလာပါတယ်။
'' အိမ့်ချစ်ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ပွဲတက်တဲ့ ဖက်ရှင်တွေကိုပဲ ကြည့်ကြည့် အရမ်းကောင်းတဲ့ တံဆိပ်တွေကိုင်ပြီးတော့ တက်ခဲ့တာမျိုးတွေ ရှားတယ်။ သိန်း ၂၀၊ ၃၀ လောက် အိတ်မျိုးတွေ ကိုင်ဖို့ကို အိမ့်ချစ် လုံးဝမစဉ်းစားဘူး။ ရွှေတွေ၊ ရတနာတွေ ဝယ်ဖို့ကို တော့ အမေက အားပေးတယ်၊ အိမ့်ချစ် ပိုက်ဆံစုတယ် လိုအပ်တာ ဝယ်တယ် အဲ့ဒီအတွက် ကားလေးနဲ့ အိမ်လေး ဖြစ်လာတာပေါ့'' လို့ ဆိုပါတယ်။
Photo: အိမ့်ချစ်ဖေ့စ်ဘွတ်
အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော် ဖြေလာ သူ တစ်ဦး လည်း ဖြစ်ပါတယ်။အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။