ပြေတီဦးကတော့ ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့ပါတယ်။ သူဟာ အားကစားဘက်မှာရော၊ ပညာရေးဘက်မှာရော၊ အနုပညာပိုင်းမှာပါ ထူးချွန်သူ တစ်ဦးဖြစ်ပါတယ်။
Photo: ပြေတီဦးဖေ့စ်ဘွတ်
ပြေတီဦးက အနုပညာအလုပ်မှာလည်း ထူးချွန်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို အားကစားဘက်မှာလည်း တကယ်ကို ထူးချွန် သူ တစ်ဦးဖြစ်ပါတယ်။ အခုဆိုရင်လည်း ဂေါက်ရိုက်တာ ၁၀ လအတွေ့အကြုံပဲ ရှိသေးပေမယ့် ၂၄ ကြိမ်မြောက် သုံးရာသီ မိတ်ဆွေများ ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့လို့ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။
'' ကဲ ... မဲရကျိုးနပ်ပါပြီဗျာ။ ချစ်သောအမျိုးတို့ ဆုတောင်းပေးကြလို့ ၁၀ လသား golfer လေးဆုရခဲ့ပါပြီ 2nd runner up လေးပါ'' ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ကိုယ်တိုင် ဆုယူနေတဲ့ အမှတ်တရ ဓာတ်ပုံ တွေလည်း တင်ခဲ့ပါတယ်။
Photo: ပြေတီဦးဖေ့စ်ဘွတ်
ပြေတီဦးဟာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ ကြားကမှ အားကစားကိုလည်း ဝါသနာအရင်းခံကြောင့် အချိန်ပေးဖြစ်နေတာ ကိုတွေ့ရပါတယ်။ သူ့ရဲ့ အားကစားနဲ့ပတ်သက်တဲ့ ဝါသနာကိုလည်း မိသားစုတွေသာမက ပရိသတ်တွေက တစ်ခဲနက် အားပေးလေ့ရှိပါတယ်။
''Photo shooting အပြီး ဂေါက်ရိုက်ပြိုင်ပွဲကို သူငယ်ချင်းတွေခေါ်လို့ ၁၀ လသား golfer လေး ဝင်ရိုက်နေပါတယ်။ ရိုက်လို့တော့ပြီးသွားပြီ။ သူများတွေက ရိုက်နေတုန်းဆိုတော့ ဆုရမရမသေချာသေးဘူး။ ဘာ ဆုလေးဖြစ်ဖြစ် တစ်ခုလောက်ရအောင် ဆုတောင်းပေးကြပါဦး'' ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: ပြေတီဦးဖေ့စ်ဘွတ်
အိမ်ထောင်ရှင်ဘဝမှာပဲခေါ်လို့ရတဲ့ နာမည်လေးပြောလိုက်တဲ့ ပြေတီဦး
အကယ်ဒမီပြေတီဦး ကလည်း တင်းနစ်ချန်ပီယံတစ်ယောက်ဖြစ်ပေမယ့် ဂေါက်ရိုက်အားကစားကိုလည်း ဝါသနာပါတဲ့ သူတစ်ယောက် ဖြစ်ပါသေးတယ်။သူဟာ အားကစားဘက်မှာလည်း ထူးချွန်သလို ပညာရေးအပိုင်းမှာရော၊ အနုပညာအပိုင်းမှာပါ ဘက်စုံထူးချွန်သူ ဆိုရင် လည်း မမှား ပါဘူး။
Photo: ပြေတီဦးဖေ့စ်ဘွတ်
အကယ်ဒမီပြေတီဦးဟာအနုပညာနဲ့ ပတ်သက်ပြီး အကယ်ဒမီဆုတွေလည်း ပိုင်ဆိုင်ထားသလို အနုပညာလုပ်ငန်းကနေရရှိလာတဲ့ ငွေကြေး နဲ့ တည်ထောင်ခဲ့တဲ့ ပြေတီဦး ဖောင်ဒေးရှင်းကြီးရဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်ပါတယ်။ ပြေတီဦးဟာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူး နေရသလို ပရဟိတအလုပ်တွေလည်းလုပ်ရင်း မိသားစုကိုပါ အချိန်ပေးနေတယ်လို့ သိရပါတယ်။