လွန်ခဲ့တဲ့ ၄ နှစ်က အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရဖူးပါတယ်။

မကြာခင် အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးဖို့ပြီးခဲ့တဲ့ သြဂုတ်လ တုန်းကတော့ နှုတ်အားဖြင့် သဘောတူညီခဲ့ကြပါတယ်။

Photo - 90Min.in

 

အသင်းရဲ့ အဓိက ဂိုးသမားတစ်ဦးလို့ ဆိုရမယ့် ဒီဂီယာကို စာချုပ်သက်တမ်းတိုးမယ့် ကိစ္စအပေါ်မှာတော့ နည်းပြမော်ရင်ဟိုက ယုံကြည်မှု မရှိပဲ ဖြစ်နေတယ်လို့ သိရပါတယ်။

မန်ယူအသင်းပွဲတွေကို ကြည့်ရတာ စိတ်ဆင်းရဲရတယ်လို့ ဝန်ခံခဲ့တဲ့ ကန်တိုနာ 

ဒါပေမယ့်လည်း လက်ရှိ ဖြစ်တည်နေတဲ့အခြေအနေအပေါ်မှာတော့ မစိုးရိမ်ကြောင်းကိုလည်း နည်းပြမော်ရင်ဟိုက sky sport မီဒီယာကို ပြောခဲ့ ပါတယ်။

Photo - Getty Images

 

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မန်ယူနဲ့ ဒီဂီယာကြား စာချုပ်သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှု တစ်ချက် ရရှိခဲ့ပါသေးတယ်။ ဒီဂီယာအနေနဲ့ မန် ယူအသင်းမှာ လာမယ့်နွေရာသီမတိုင်ခင် ၂၀၂၀ အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ် ချုပ်ချင်နေတာပါ။

ဒီအပေါ်မှာတော့ နည်းပြမော်ရင်ဟိုက - " အသင်းက ပိုကောင်းချင်တာဆိုရင်တော့ ဒါက မဆိုးပါဘူး။အရှင်းဆုံးပြောရမယ်ဆိုရင်တော့ ဒီဂီယာ ကိုထိန်းထားနိုင်ဖို့ ခက်ပါတယ်။ကျွန်တော်ကတော့ ဒီဂီယာကို စာချုပ်သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်ချက် အပြည့်မရှိပဲ ဖြစ်နေပါတယ်။" လို့ ပြောဆိုသွားပါတယ်။

Photo - Soccer Laduma

 

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်ဂိုးသမား ဒီဂီယာအနေနဲ့ ၂၀၁၁ ခုနှစ်က အက်သလက်တီကို မက်ဒရစ်အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၈.၉ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

လက်ရှိအသင်းမှာတော့ အသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်အရ မကြာခင်မှာကလပ်အသင်းနဲ့ စာချုပ်ပြည့်တော့မှာလည်း ဖြစ်ပြီး နည်းပြမော်ရင်ဟို ကတော့ ထိန်းသိမ်းဖို့ မလွယ်ကူပဲ ခက်ခဲမယ်လို့ ထင်နေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က