ပြီးခဲ့တဲ့နွေရာသီက ၂ ခါကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးအသင်းရဲ့ ကြယ်ပွင့်နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားကို လာမယ့်ဇန်နဝါရီလမှာ ပေါင်သန်း ၆၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဟယ်ရီမက်ဂွိုင်းယားဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီးနောက် ဥရောပထိပ်သီးအသင်းတွေရဲ့ မျက်စိကျခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဟယ်ရီမက်ဂွိုင်းယားကို ပြီးခဲ့တဲ့နွေရာသီကတည်းကအိုးထရက်ဖို့ဒ်ကို ခေါ်ယူဖို့ ၂ ခါ ကမ်းလှမ်းခဲ့ပေမယ့် လက်စတာစီးတီးအသင်း ပယ်ချခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ခံစစ်ကစားသမား ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတာကြောင့် ဒေါသထွက်ခဲ့ပြီး မန်ယူအသင်းဟာ ယခုရာသီအစ ၈ ပွဲမှာ ၁၆ ဂိုးအထိ ခွင့်ပြုခဲ့ရပြီးဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေရာသီမှာ အဓိကပစ်မှတ်ကစားသမားတွေ မခေါ်ယူနိုင်ခဲ့ပြီးနောက် လာမယ့်ဇန်နဝါရီလအတွက် သုံးစွဲဖို့ ပေါင်သန်း ၇၀ ခန့် ရှိနေပြီး ဟယ်ရီမက်ဂွိုင်းယားကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

ဟယ်ရီမက်ဂွိုင်းယားက ပြီးခဲ့တဲ့အပတ်က ၎င်းဟာ ရည်မှန်းချက်ကြီးမားတဲ့ကစားသမားဖြစ်ပြီး ထိပ်တန်းအသင်း ၆ သင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့အတွက် ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

"အားလုံးက ထိပ်တန်းအဆင့်မှာ ကစားချင်ကြမှာပါ။ ကစားသမားအားလုံး ကမ္ဘာပေါ်က အကြီးမားဆုံးပြိုင်ပွဲကြီးမှာ ကစားချင်ကြမှာပါ။ ပရီးမီးယားလိဂ်က အကောင်းဆုံးပြိုင်ပွဲတွေထဲက တစ်ခုဆိုတာ သိသာထင်ရှားပါတယ်"

"ကျွန်တော် ဆုဖလားတွေကို ရရှိချင်ပါတယ်။ ကျွန်တော့်ရဲ့ နိုုင်ငံအတွက်ရော၊ ကလပ်အသင်းအဆင့်မှာပါ ဆုဖလားတွေ ကိုင်မြှောက်ချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က