တစ်နိုင်ငံလုံးက အစိုးရနဲ့ ပုဂ္ဂလိက နည်းပညာတက္ကသိုလ် ၁၀ ခု ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

တစ်နိုင်ငံလုံးက အစိုးရနဲ့ ပုဂ္ဂလိက နည်းပညာတက္ကသိုလ် ၁၀ ခု ပါဝင်ယှဉ်ပြိုင်တဲ့ ပထမဆုံးအကြိမ် စက်ရုပ်ပြိုင်ပွဲကိုအောက်တိုဘာ ၂၈ ရက်က ရန်ကုန်မြို့ MICT Park မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

 

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းနဲ့ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး ကျောင်းသားအချင်းချင်းဆန်းသစ်တဲ့ စိတ်ကူးတွေကို ဝေမျှနိုင်အောင် ရည်ရွယ်ကျင်းပတာလို့ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုမင်းခန့် မောင်မောင်က Duwun ကို ပြောပါတယ်။

 

 

“တခြားကျောင်းတွင်းအဆင့်ပြိုင်ပွဲတွေရှိခဲ့ပေမယ့် တခြားတက္ကသိုလ်တွေအစုံပါဝင်တဲ့ ပြိုင်ပွဲကတော့ မြန်မာပြည်မှာ ပထမဆုံးပါ။ စက်ရုပ်ဆိုတာက Program ပိုင်းရော Design ပိုင်းရော နှစ်ခုလုံးနိုင်ရတယ်။ နည်းပညာမှာ အိုင်တီဖန်တီးမှု၊ ဒီဇိုင်းဆွဲတဲ့အပိုင်းရော ပါဝင်တဲ့အတွက် တစ်ဖွဲ့ကို တစ်သင်းကို ငါးယောက် လောက်ပါဝင်ရပါတယ်” လို့ ကိုမင်းခန့်မောင်မောင်က ပြောပါတယ်။

ပြိုင်ပွဲမှာ အသင်းပေါင်း ၁၇ သင်းလောက်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လာရောက်ယှဉ်ပြိုင်တဲ့ သန်လျင်နည်းပညာတက္ကသိုလ် ပထမနှစ် ကျောင်းသား မောင်ကျော်စည်သူက

“ ကိုယ်ကမလုပ်တတ်ဘူးဆိုပြီး ပြိုင်ပွဲမပြိုင်ဘဲမနေသင့်ပါဘူး။ အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်။ပရိုဂရမ်တွေဘယ်လိုရေးလဲဆိုတာလဲ သိသွားတယ်။ နောက်ပြီးတော့ Control ပိုင်းဆိုတာဘယ်လိုလဲဆိုတာလေ့လာမိခဲ့တယ်” လို့ ဆိုပါတယ်။

 

 

ပြိုင်ပွဲမှာ အမှိုက်ကောက်စက်ရုပ်ပြိုင်ပွဲ၊ အပြေးပြိုင်စက်ရုပ်ပြိုင့်ပွဲနဲ့ ဆူမိုစက်ရုပ်ပြိုင်ပွဲဆိုပြီး ၃ မျိုးယှဉ်ပြိုင်ရပြီး ပြိုင်ပွဲတစ်မျိုးစီအတွက် ဆုတစ်ဆုကို ငွေကျပ် ၁ သိန်း ချီးမြှင့်ခဲ့ပြီးတော့ Best Creation Award ဆုနဲ့ People Choice Award ဆုတို့ကိုလည်း ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က