တကယ်ကို ချီးကျူးစရာကောင်းလှပါတယ်။

ခိုင်နှင်းဝေ ကတော့ အနုပညာအရာမှာ စီနီယာ တစ်ဦးလည်းဖြစ်တဲ့ အကယ်ဒမီများရှင် သရုပ်ဆောင်ရန်အောင်ကို ရိုက်ကွင်း ပေါ် မှာပဲ ကန်တော့ခဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ '' တုနှိုင်းမရတဲ့ မေတ္တာ'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးနေ တာ ဖြစ်ပါတယ်။



Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

 

သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ သူချစ်ရတဲ့ အစ်ကို တစ်ဦးလည်းဖြစ် အနုပညာအရာမှာ စီနီယာ တစ်ဦးလည်းဖြစ်တဲ့ အကယ်ဒမီများရှင် သရုပ်ဆောင်ရန်အောင်ကို ဂါရဝပြု ကန်တော့ခဲ့တယ်လို့ သိရပါတယ်။ သူမဟာ သီတင်းကျွတ်လ အခါသမယမှာလည်း လူကြီးမိဘတွေကို လိုက်လံ ဂါရဝ ပြုလျှက်ရှိတာကို တွေ့ရပါတယ်။

'' ချစ်ရတဲ့ လေးစားရတဲ့ ကျေးဇူးရှင် အကို ကိုရန်အောင် ကို ဒီနေ့ရှုတင် မှာ ကန်တော့ပါတယ်ရှင်'' ဆိုပြီးတော့ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။ အဲ့ဒီနောက် ရိုက်ကွင်းပေါ်မှာ ရှိတဲ့ သရုပ်ဆောင်တွေကလည်း အကယ်ဒမီရန်အောင်ကို ဂါရဝ ပြုခဲ့ကြပါသေးတယ်။

Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

 

သရုပ်ဆောင် ခိုင်နှင်းဝေနဲ့ အကယ်ဒမီ ရန်အောင်တို့ဟာ ''တုနှိုင်းမရတဲ့ မေတ္တာ'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီ ဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်က ရိုက်ကူးပုံဖော်နေတာပါ။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ရန်အောင်၊ နေဒွေး၊ အိစိကွေး၊ မင်းခန့်ညီ၊ ခိုင်နှင်းဝေ၊ ပိုးအိအိခန့်၊ စိုးမိုးကြည် နဲ့ ဝါဝါအောင် တို့က အဓိက ပါဝင်သရုပ်ဆောင်လျှက်ရှိပါတယ်။

Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

မလှူရ မနေနိုင်အောင်ဖြစ်နေပြီ ဆိုတဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေ 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင် ဆောင်ရွက်ပေး ဖြစ်နေ တယ် လို့ သိရပါတယ်။

Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

 

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က