၎င်းလည်းအပါအဝင်ဖြစ်တယ်လို့ ပြောခဲ့တာပါ။

လီဗာပူးအသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား ဆာဒီယိုမာနေးဟာ ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာဒစ်အသင်းနဲ့ပွဲစဉ်မှာ လီဗာပူးအသင်းရဲ့အိမ်ကွင်းပေးဂိုးမရှိစံချိန်ကျိုးပျက်ခဲ့တဲ့ကိစ္စမှာ ၎င်းရဲ့အပြစ်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

gettyimages-1054185896.jpg 

လီဗာပူးအသင်းဟာ ကာဒစ်စီးတီးအသင်းအတွက် ချေပဂိုးကို ကယ်လန်ပတ်တာဆန် မသွင်းယူမီအချိန်အထိ ၂ ဂိုး ဂိုးမရှိနဲ့ ပွဲစဉ်တစ်ခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီး မမျှော်လင့်တဲ့အမှားကြောင့် အိမ်ကွင်းပေးဂိုးမရှိစံချိန်ကျိုးပျက်သွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းကနေ ယနေ့အချိန်အထိ အိမ်ကွင်းမှာ ပေးဂိုးမရှိခဲ့ဘဲ ၉၁၈ မိနစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် သွင်းဂိုး ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ မိနစ် ၁၀၀၀ အထိ ပေးဂိုးမရှိစံချိန်မှတ်တမ်းတစ်ခု ပြုလုပ်နိုုင်ခါနီးမှ ကျိုးပျက်သွားတဲ့အတွက် ပရိသတ်တွေဟာ အမှားကျူးလွန်ခဲ့တဲ့ ဘယ်နောက်ခံကစားသမားမိုရီနိုကို ပြစ်တင်ကျိန်းမောင်းခဲ့ကြပါတယ်။

 

ကာဒစ်စီးတီးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ကြယ်ပွင့်တောင်ပံကစားသမား ဆာဒီယိုမာနေးဟာ ၎င်းအနေနဲ့ နေရာယူမှားယွင်းခဲ့တဲ့အတွက် ပြစ်တင်ကျိန်းမောင်းခံရဖို့အတွက် တစ်စိတ်တစ်ပိုင်းပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

"ဒီလိုအသင်းမျိုးက ဘယ်တုန်းကမှ ကစားဖို့ မလွယ်ကူခဲ့ပါဘူး။ တစ်ခါတလေ ခင်ဗျားအနေနဲ့ စိတ်ရှည်သည်းခံရမယ်။ ဘောလုံးကို မဆုံးရှုံးဖို့အတွက် ကြိုးစားရမယ်။ ပွဲအပြီးမှာတော့ ကျွန်တော်တို့ လေးဂိုးသွင်းခဲ့ပြီး အနိုင်ရရှိဖို့ ထိုက်တန်ခဲ့ပါတယ်"

"ကျွန်တော်တို့ ဂိုးပေးခဲ့ရတာက ဘာလို့လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုမှုမရှိခဲ့လို့လို့ ထင်ပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်က မိုရီနိုနဲ့ ဘယ်ဘက်ခြမ်းမှာရှိနေကျပါ။ ဒါပေမယ့် ကျွန်တော်က ကွင်းလယ်မှာရောက်နေခဲ့ပြီး မိုရီနိုအတွက် တစ်ယောက်ချင်းတားဆီးရတာမလွယ်ကူပါဘူး။ ဒါက ဘောလုံးအားကစားရဲ့အစိတ်အပိုင်းတစ်ခုပါ။ အဲဒီကနေ ကျွန်တော်တို့ လေ့လာသင်ယူဖို့ ကြိုးစားရပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က