ဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ပွဲစဉ် ၄ပွဲကို လွဲချော်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဒဏ်ရာပြန်သက်သာလာနေပါပြီ။

အာဆင်နယ်အသင်းရဲ့နံပါတ်(၁)ဂိုးသမား ပီတာချက်တစ်ယောက် ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး လက်ရှိအချိန်မှာ ပွဲကစားဖို့အသင့်ရှိနေပေမယ့် နံပါတ်(၁)နေရာကို အာမ,မခံနိုင်တော့ဘူးလို့ နည်းပြ အူနိုင်းအမ်မရီကပြောခဲ့ပါတယ်။ ပီတာချက်ဒဏ်ရာရနေချိန်မှာ လူစားဝင်ဂိုးသမား လီနိုရဲ့လက်စွမ်းကြောင့်လည်း အမ်မရီက အခုလိုပြောခဲ့တာပါ။ 

5487372-0-image-a-2_1540680397193.jpg

Photo: Daily Mail

 

၂၀၁၅ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကနေ အာဆင်နယ်ကိုပြောင်းလာပြီးနောက်ပိုင်း ပုံမှန်ပွဲထွက်ဂိုးသမားနေရာရထားတဲ့ ပီတာချက်တစ်ယောက် နည်းပြသစ် အူနိုင်းအမ်မရီလက်ထက်မှာ နေရာပျောက်ဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပီတာချက်နေရာမှာ ပြီးခဲ့တဲ့နွေရာသီက လေဗာကူဆင်အသင်းကပြောင်းလာတဲ့ ဂိုးသမား လီနိုကအစားဝင်ခဲ့ပါတယ်။ ပီတာချက်ဟာ ဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ပွဲစဉ် ၄ပွဲကို လွဲချော်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဒဏ်ရာပြန်သက်သာလာနေပါပြီ။

Photo: Daily Mail

အိမ်ကွင်းပေးဂိုးမရှိစံချိန်ကျိုးပျက်ခဲ့ပြီးနောက် အပြစ်ရှိသူကို ထုတ်ဖော်ပြောကြားလိုက်တဲ့ မာနေး 

နည်းပြ အမ်မရီဟာ ဒီနေ့ညကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း ပွဲထွက်ဂိုးသမားအနေနဲ့ လီနိုကိုပဲ အသုံးပြုဖွယ်ရှိနေပြီး ပီတာချက်ကို နံပါတ်(၁)ဂိုးသမားအဖြစ် အာမ,မခံဘူးလို့ တရားဝင်ပြောကြားခဲ့ပါတယ်။ “ပီတာချက်က ဒီညအတွက်အသင့်ဖြစ်နေပါပြီ။ ဒါပေမယ့် ပွဲထွက်ခွင့်အတွက် အာမ,မခံနိုင်ပါဘူး။ ကျွန်တော့် ဂိုးသမားတွေအားလုံးကို ယုံကြည်ပါတယ်။ ချက် ဒဏ်ရာရနေချိန်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ လီနိုအတွက်လည်း ဂုဏ်ယူပါတယ်။ ပွဲထွက်ခွင့်အတွက်ကတော့ စွမ်းဆောင်ရည်ကောင်းတဲ့သူ ရမှာပါ။” လို့ အမ်မရီကပြောပါတယ်။

Photo: Daily Mail

 

အာဆင်နယ်အသင်းဟာ နည်းပြသစ် အူနိုင်းအမ်မရီလက်ထက်မှာ ရလဒ်ကောင်းတွေရနေပြီး ပရီးမီးယားလိဂ် ရာသီအစမှာ မန်စီးတီးနဲ့ ချယ်လ်ဆီးကိုနှစ်ပွဲဆက်ရှုံးခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ၇ပွဲဆက်အနိုင်စံချိန်တင်ထားပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ရမှတ် ၂၁မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၄နေရာမှာရပ်တည်နေပြီး ချယ်လ်ဆီး၊ စပါးအသင်းတို့နဲ့ ရမှတ်တူအနေအထားမှာ ရှိနေပါတယ်။

Share

Loading Next Article...
က္က