မန်ချက်စတာမြို့မှာ ၁၇ရက်ကြာနေထိုင်မှာဖြစ်ပြီး မန်ယူ-အဲဗာတန်ပွဲကိုလည်း အိုးထရက်ဖို့ဒ်မှာကြည့်ရှုအားပေးမှာဖြစ်ပါတယ်။

အသက် ၁၁နှစ်ကနေ ၁၆နှစ်အရွယ် ထိုင်းလူငယ် ၁၂ယောက်နဲ့ သူတို့ရဲ့နည်းပြဟာ ဒီည အိုးထရက်ဖို့ဒ်မှာ ကစားမယ့် မန်ယူ-အဲဗာတန်ပွဲကို ကြည့်ရှုအားပေးဖို့ မန်ချက်စတာမြို့ကိုရောက်ရှိနေပါတယ်။ ဒီလူငယ်တွေကတော့ မယ်ဆိုင်ဂူထဲကနေလွတ်မြောက်လာတဲ့ တောဝက်ဘောလုံးအသင်းသားတွေပါ။ 

NINTCHDBPICT000444914587-e1540661320482.jpg



Photo: The Sun

 တောဝက်ဘောလုံးအသင်းကတော့ အာဂျင်တီးနားက လူငယ်အိုလံပစ်အားကစားပွဲအပြီးမှာ အင်္ဂလန်နိုင်ငံက မန်ချက်စတာမြို့ကိုရောက်ရှိနေပါပြီ။ ထိုင်းနိုင်ငံ၊ မယ်ဆိုင်လှိုဏ်ဂူထဲကနေ လွတ်မြောက်လာတဲ့ ဒီလူငယ်ဘောလုံးအသင်းကို မန်ချက်စတာယူနိုက်တက်အသင်းက ကယ်ဆယ်ရေးကာလကတည်းက အိုးထရက်ဖို့ဒ်ကိုလာရောက်ဖို့ ဖိတ်ခေါ်ထားတာပါ။ အခုတော့ တောဝက်တွေ မန်ချက်စတာကို အမှန်တကယ် ရောက်ရှိလာပါပြီ။

Photo: The Sun

တောဝက်အသင်းသားတွေဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့လေ့ကျင့်ရေးကိုလည်းသွားရောက်ခဲ့ပြီး နည်းပြ မော်ရင်ဟိုအပါအဝင် ဟာရဲရား၊ ပေါ့ဂ်ဘာ၊ မာရှယ်၊ အက်ရှ်လေယန်း၊ ဖရက်ဒ် အစရှိတဲ့ မန်ယူကြယ်ပွင့်ကစားသမားတွေနဲ့တွေ့ဆုံခဲ့ပြီး ဓာတ်ပုံတွဲရိုက်ခဲ့ကြပါတယ်။ နည်းပြ မော်ရင်ဟိုက တောဝက်တွေကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး လှိုဏ်ခေါင်းထဲမှာ အသက်ရှင်နေထိုင်ခဲ့ပုံတွေကို မေးမြန်းခဲ့သလို ဘဝမှာ ဘယ်အရာကိုမှအရှုံးမပေးဖို့ကိုလည်း ပြောခဲ့တယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Photo: The Sun

တောဝက်အသင်းသားတွေဟာ မန်ချက်စတာမြို့မှာ ၁၇ရက်ကြာနေထိုင်မှာဖြစ်ပြီး ဒီညမှာကစားမယ့် မန်ယူ-အဲဗာတန်ပွဲကိုလည်း အိုးထရက်ဖို့ဒ်မှာကြည့်ရှုအားပေးမှာဖြစ်ပါတယ်။ တောဝက်တွေကို မန်ယူအသင်း တာဝန်ရှိသူတွေကလည်း တွေ့ဆုံလိုတာကြောင့် အဲဗာတန်နဲ့ပွဲကို ဒါရိုက်တာတွေကြည့်တဲ့ မှန်ခန်းကနေ ကြည့်ရှုအားပေးဖွယ်ရှိနေပါတယ်။ ထိုင်းလူငယ်ဘောလုံးသမားတွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကလည်း ဆွစ်ဇာလန်မှာရှိတဲ့ ရုံးချုပ်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Share

Loading Next Article...
က္က