ချီးကျူးစကားပြောထားတဲ့အပြင် ကျေးဇူးတင်စကားလည်း ပြောထားသေးတယ်။

 မိသားစုတာဝန်အပြင် လုပ်ငန်းနဲ့ စီးပွားရေးပါ အတူတူလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အကြင်နာမပျက် မိသားစုလေးကို တည်ဆောက် နေ ကြတဲ့ ခီဇနီးမောင်နှံကို သန္တာလှိုင်က ချီးကျူးထားတာပါ။



Photo : သန္တာလှိုင် FB

 

အောင်မြင်မှုတွေနဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်သန္တာလှိုင်က ခီဇနီးမောင်နှံကို ချီးကျူးစကားပြောထားတာ တွေ့ရပါတယ်။ မိသားစုတာဝန်အပြင် လုပ်ငန်းနဲ့ စီးပွားရေးပါ အတူတူလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အကြင်နာမပျက် မိသားစုလေးကို တည်ဆောက် နေ ကြတဲ့ ခီဇနီးမောင်နှံကို သန္တာလှိုင်က ချီးကျူးထားတာပါ။

Photo : သန္တာလှိုင် FB

 

"ဇနီးမောင်နှံဆိုတာ သွေးမတော် သားမစပ်သူစိမ်း ၂ယောက်ဟာ တစ်အိမ်ထဲနေပြီး တစ်နေ့ဓူဝ မိသားစု တစ်ခုကို တည်ဆောက်ပြီး လှပငြိမ်း ချမ်းတဲ့ ဘဝလေးတွေကို ဖန်တီးရတာ လွယ်ကူတဲ့ အလုပ်မဟုတ်ပါ... ကျွန်မရဲ့ မအောင်မြင်ခဲ့တဲ့ အရင်အိမ်ထောင်ကပဲ ဥပမာလေ။ အဲ့ဒီလို မိသားစု တာဝန်အပြင် လုပ်ငန်းနဲ့ စီးပွားရေးပါ အတူတူလုပ်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် အကြင်နာမပျက် မိသားစုလေးကို တည် ဆောက်နေကြတဲ့ Zenn Kyi နဲ့ Christina တို့ကိုတော့ ချီးကျူးပါတယ်" ဆိုပြီး သန္တာလှိုင်က အောက်တိုဘာ(၂၉) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : သန္တာလှိုင် FB

ချစ်ဇနီးအတွက် မွေးနေ့ဆုတောင်း စကားလေး ဆိုလာတဲ့ ဇဏ်ခီ 

သန္တာလှိုင်ဟာ ခီဇနီးမောင်နှံတို့ကို ချီးကျူးစကား ပြောထားသလို ကျေးဇူးတင်စကားလည်း ပြောထားတာတွေ့ရပါတယ်။

"နောက်ထပ် ရိုက်မယ် ဇတ်ကားအတွက် အလုပ်တွေ လုပ်နေရင်း မအားတဲ့ကြားက ကျွန်မတို့ရဲ့ T's Workshop ရဲ့ Trainers တွေနဲ့ Workout လုပ်နေရင်း T's Workshop ကို ကြော်ငြာပေးတဲ့ Christina Kyi နဲ့ Zenn Kyi တို့ဇနီးမောင်နှံကို ကျေးဇူးတင်ကြောင်း ကျွန်မတို့ ဇနီးမောင်နှံ ကလဲ ပြောပါရစေရှင်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဆက်လက်ရေးသားထားတာဖြစ်ပါတယ်။

Photo : ဇဏ်ခီ FB

 

ခီဇနီးမောင်နှံတို့ဟာ " ဥပါယ်တံမျဉ်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံ ပရိသတ်တွေနဲ့ စတင်ထိတွေ့ခဲ့တာ ဖြစ်ပါတယ်။ ယင်းဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိခဲ့သလို အနုပညာလောကသားအချင်းချင်းရဲ့ တိုက်ခိုက်ခြင်းတွေလည်း ခံခဲ့ရပါတယ်။

ဒါပေမယ့် အခုဆိုရင် သူတို့ရဲ့ ကြိုးစားမှုနဲ့ ဖန်တီးမှုတွေကို အားလုံးက လက်ခံနေကြပြီး ပရိသတ်တွေသာမက အနုပညာလောက သား အချင်း ချင်း ရဲ့ အားပေးမှုတွေကို ရရှိနေတဲ့ ဇနီးမောင်နှံလည်း ဖြစ်ပါတယ်။

Photo : သန္တာလှိုင် FB

 

ဇဏ်ခီနဲ့ ခရစ္စတီးနားခီဟာ " ဥပါယ်တံမျဉ်" ရုပ်ရှင်နဲ့သာမက  "မုဒြာရဲ့ ခေါ်သံ" ဆိုတဲ့ ဒုတိယမြောက် ရုပ်ရှင် ဇာတ်ကားကြီး ကလည်း အောင်မြင် ခဲ့ပါသေးတယ်။ အခုဆိုရင် တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့အတွက်ကိုလည်း ပြင်ဆင်လျက်ရှိပါတယ်။

သန္တာလှိုင်ဟာလည်း အနုပညာလောကမှာ အောင်မြင်မှု ရရှိထားတဲ့ သူတစ်ဦးဖြစ်ပြီး အခုဆိုရင် သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က