အလှမယ်လေး သျှားထွဋ်အိန္ဒြာက လက်ရှိဖြစ်ပေါ်နေတဲ့ သူ့ရဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ သွက်သွက်လက် လက် ပေါ့ပေါ့ပါးပါး နေတတ်ပြီး ချစ်စရာကောင်းတဲ့အတွက်ကြောင့် စိတ်ဝင်စားတဲ့ ကောင်လေးချော ချော လေးတွေကလည်း အများကြီးပါပဲ။
Photo: မုန်ထွယ်အောင် ဖေ့စ်ဘွတ်
Miss Universe Myanmar 2014 အလှမယ်လေး သျှားထွဋ် အိန္ဒြာ ကတော့ လက်ရှိမှာ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြား မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ မော်ဒယ်ကောင်လေး မုန်ထွယ်အောင် နဲ့ အတူသွား အတူစားနေကြတဲ့ ဓာတ်ပုံတွေလည်း မကြာခဏ အွန်လိုင်းပေါ်မှာ တွေ့နေရတာကြောင့် ချစ်သူတွေ ဖြစ်နေကြတာလား ဆိုတာကို မီဒီယာတွေကနေတဆင့် သျှားထွဋ်ကိုယ်တိုင်က အခုလို ပြောပြလာပါတယ်။
'' မချစ်ဘူး၊ မဟုတ်ပါဘူး၊ ဒါက ကောလဟလတွေပါ။ မဟုတ်ပါဘူး တကယ်က တစ်ယောက်တည်းပါ။ သျှားက အဲ့ဒီလိုတွေ ခေါင်းထဲ သိပ် မထားဘူး။ ဒီ့ထက်အများကြီး တခြားကောင်လေးတွေလည်း ရလာဦးမှာ။ဘာကြောင့်လဲဆိုတော့ ကိုယ်ရည်းစားရှိနေတဲ့အချိန်တုန်းကတောင် ကိုယ့်ကို လိုချင်တဲ့သူတွေက အရမ်းများနေတာ အခု Single ဖြစ်နေတဲ့အချိန်ဆို ပိုပြီးတော့ လိုချင်တဲ့ သူကများမှာ အဲ့ဒီတော့ Single အဖြစ်နဲ့ ဟိုရောရော၊ ဒီရောရော နေတာလေးက ကောင်းပါတယ်'' လို့ ဆိုပါတယ်။
Photo: သျှားထွဋ်အိန္ဒြာ ဖေ့စ်ဘွတ်
သျှားထွဋ်နဲ့လမ်းခွဲလိုက်ပြီလို့ ပြောလိုက်တဲ့ အောင်ရဲထိုက်
ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ သျှားထွဋ်ကတော့ သူ့ရဲ့ အပေါင်းအသင်းတွေက ယောကျ်ား လေးတွေ များတယ်လို့ ဆိုပါတယ်။ ချစ်သူမရှိတဲ့ မိန်းကလေး တစ်ယောက်အနေနဲ့ သူငယ်ချင်းယောကျ်ားလေးတွေနဲ့ သွားသွား လာလာ ရှိနေတာကြောင့်လည်း ပရိသတ်တွေ အထင်လွဲနေကြတာပါလို့ ဆိုပါတယ်။
'' သျှားကကျတော့ အပေါင်းအသင်း နည်းနည်းများတယ်လေ၊ ပြီးတော့ ယောကျ်ားလေးတွေနဲ့ ပိုပြီးတော့ ပေါင်းဖြစ်တယ်။ အဲ့ဒါကြောင့် အကုန် လုံးက ဟိုလူ့ကို ထင်ရမလား၊ ဒီလူ့ကို ထင်ရမလား မျက်စိတွေ လည်အောင် သျှားက မျက်လှည့်တွေ ပြလိုက်တာပေါ့။နေ့စဉ် ဒီလူ နဲ့ သွားတယ်စားတယ်ဆိုရင် ဒီလူနဲ့ ထင်ကြမှာပဲ။ နောက်ထပ်လူတစ်ယောက်နဲ့ လည်း ဒီလို သွားစားမယ် ဆိုရင် ဒီလိုပဲ ထင်ကြမှာပဲလေ'' လို့ ဆိုပါတယ်။
Photo: သျှားထွဋ်အိန္ဒြာ ဖေ့စ်ဘွတ်
ချစ်သူမရှိတော့တဲ့ ကောင်မလေးတစ်ယောက်ဖြစ်တဲ့ သျှားထွဋ် ကိုတော့ စိတ်ဝင်စားကြတဲ့ ကောင်လေး ချောချောလေးတွေ ဝိုင်းဝိုင်းလည်ပါ ပဲ။ သူမ နဲ့ အဆင်ပြေပြေ တွဲနိုင်မယ့် ကောင်လေးတွေကတော့ မရှိသေးဘူးဆိုတာကို အောက်တိုဘာလ ၂၁ ရက်နေ့က အမုန်းတွေ ခေါက်ထားလိုက် ရုပ်ရှင်အထူးပြသပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
'' သူတို့က သျှားကို ကြိုက်တာကိုး သျှားကလည်း ချောတော့ ပြန်ကြိုက်တာပေါ့။ အဲ့လောက်ပါပဲ။ အခုချိန်ထိတော့ ကံကောင်းတဲ့အထဲ မပါ သေးဘူး။ ကိုယ်ကိုယ်တိုင်ကလည်း Strong ဖြစ်တဲ့သူဆိုတော့ ယောကျ်ားတစ်ယောက်နောက်ကို Follow လုပ်ရတာ သျှား သိပ်မကြိုက် ဘူး။ အဲ့ဒီအခါကျတော့ သိပ်အဆင်မပြေတာတွေက များတာပေါ့နော်'' လို့ ဆက်လက်ပြောပြလာပါတယ်။
Photo: သျှားထွဋ်အိန္ဒြာ ဖေ့စ်ဘွတ်
သျှားထွဋ်အိန္ဒြာဟာ ချစ်သူဟောင်းနဲ့ ၂ နှစ်အကြာမှာ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ သူတို့ စုံတွဲလေးကဆိုရင် အနုပညာနယ်ပယ်ထဲမှာလည်း ရှေ့သွားနောက်လိုက်ညီတဲ့ စုံတွဲလေးဆိုလည်း မမှားပါဘူး။ဇွန်လအတွင်းမှာတော့ သူတို့ လမ်းခွဲလိုက်တဲ့ သတင်းကြောင့်လည်း စိတ်မကောင်းဖြစ်ခဲ့ကြတဲ့ ပရိသတ် တွေအများကြီးပါပဲ။