ဖုယွင်အထည်ချုပ်စက်ရုံက သပိတ်မှောက်အလုပ်သမားတွေကဝန်ကြီးချုပ်နဲ့တွေ့ဆုံဖို့အတွက် အစိုးရရုံးဆီကို အောက်တိုဘာ ၂၉ ရက်နေ့ကချီတက်ပြီးဆန္ဒပြနေတာဖြစ်ပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့ နံနက်ပိုင်းက မဟာဗန္ဒုလပန်းခြံမှာ အကြမ်းဖက်ခံရမှုစာနာထောက်ထားပွဲနဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေးလူထုအစည်းအဝေးကိုလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“အခုက တိုင်းဒေသကြီးအစိုးရရုံးရှေ့မှာ ဝန်ကြီးချုပ်ကိုတွေ့ဖို့အတွက် ဆန္ဒပြတာပါ။သပိတ်တောင်းဆိုချက်ကိုပဲလိုက်လျောပေးဖို့ ပြောမှာပါ ” လို့ သပိတ်ရဲ့ ဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ မသက်ထားဆွေက Duwun ကိုပြောပါတယ်။
ဖုယွင်အထည်ချုပ်က စက်ရုံအလုပ်သမား ၃၀ ကို အလုပ်ထုတ်ပယ်ခံရတာနဲ့ ပါတ်သတ်ပြီးတော့ နှစ်လနီးပါးကြာ ဆန္ဒပြနေခဲ့တာဖြစ်ပြီးတော့ အောက်တိုဘာ ၁၅ ရက်နေ့က ဆန္ဒပြတဲ့အလုပ်သမားတွေကို လူအယာက် ၅၀ လောက်ကအကြမ်းဖက်ဖြိုခွင်းခဲ့တာဖြစ်ပြီးတော့ လူ ၂၅ ယောက်လောက် ဆေးရုံံတင်ထားခဲ့ရတယ်လို့ လည်းသိရပါတယ်။
သြဂုတ်လ ၂၁ ရက်နေ့က ဒဂုံမြို့သစ်ဆိပ်ကမ်း စက်မှုဇုံ (၁) ကနောင်မင်းသားကြီးလမ်းက တရုတ်နိုင်ငံသားပိုင် FU YUEN အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၃၀၀ အနက်က ၃၀ ဦးအလုပ်ထုတ်ခ့၇တဲ့ကိစ္စအတွက် မကျေနပ်လို့ စက်တင်ဘာ ၃ ရက်နေ့ကတည်းစက်ရုံရှေ့မှာ ဆန္ဒပြနေတာဖြစ်ပါတယ်။