တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီလေ့ရှိပါတယ်။

အဆိုတော် G Fatt ကတော့ ရန်ကုန်မှာ ကျင်းပပြုလုပ်မယ့် သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲမှာ ထူးခြားတဲ့ အစီအစဉ်တွေပါ တယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်တွေ ကြောင့်လည်း ချစ်သူလေး နန်းဆုရတီစိုးက ပရိသတ်တွေအတွက် ကြေညာမောင်းခတ်ခဲ့ ပါတယ်။

Photo: G Fatt Page

 

Rapper အဆိုတော် G-Fatt ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ ရန်ကုန်မြို့မှာပဲ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါ တယ်။ ဖျော်ဖြေပွဲ လက်မှတ် ကြိုတင်ဝယ်ယူထားသူတိုင်းအတွက်ကိုလည်း ထူးခြားတဲ့ အစီအစဉ်တွေတွေနဲ့ လက်ဆောင်ပေးသွားဖို့ ပြင်ဆင် ထားတယ်လို့ ဆိုပါတယ်။

'' ၁၁လပိုင်း ၁၁ရက်နေ့ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ကျင်းပမည့် G Fatt One Man Show In Yangon ပွဲရဲ့ ကြိုတင် လက်မှတ် ဝယ်ယူကြ မယ့် ပရိတ်သတ် တွေအတွက် သတင်းကောင်းလာပါပြီ။  ^မိုး^ ဆိုတဲ့ သီချင်းအသစ်ထွက်ဖို့ ကြေညာထားတာ အားလုံးအသိ ဖြစ်မှာပါ ၄.၁၁.၂၀၁၈ ရက်နေ့ မှ ၁၀.၁၁.၂၀၁၈ အထိ ကြိုတင်လက်မှတ် ဝယ်ယူထားသူတိုင်းကို မိုး သီချင်း Music Video ပါတဲ့ အခွေ ကို အမှတ်တရ လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: G Fatt Page

 

G Fatt ရဲ့ သီချင်းအသစ်ဖြစ်တဲ့ မိုး သီချင်းပါဝင်တဲ့ အခွေလက်ဆောင် ကိုလည်း လက်မှတ်ဝယ်ယူထားတဲ့ ဆိုင်တွေမှာသာ ထုတ်ယူနိုင်တယ် လို့ ဆိုပါတယ်။ ဒီလို အမှတ်တရ ဖြစ်မယ့် အစီအစဉ်အကြောင်းလေးကို အောက်တိုဘာလ ၂၈  ရက်နေ့ည ၁၀ နာရီကျော်က G Fatt ရဲ့ ဖေ့စ် ဘွတ်ကနေတဆင့် ပြောပြခဲ့တာ ဖြစ်ပါတယ်။

''(မိမိလက်မှတ် ဝယ်ယူထားသောဆိုင်များတွင်သာ လက်မှတ်ပြပြီး အခွေကိုထုတ်ယူနိုင်ပါသည်) Music Videoကို အနယ်နယ် အရပ်ရပ်က ပရိတ်သတ်များအတွက် ဒီPage ကနေလည်း ပြန်တင်ပေးသွားမှာပါ။ ကဲ Show ပွဲလက်မှတ်ဝယ်ရင်း Feel ရမယ့် သီချင်းလဲ အမှတ်တရ လက်ဆောင်ယူရင်း ၁၁ရက်နေ့ကိုကြိုတင်ရင်ခုန်ပေတော့ ဗျာ'' လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ကြည့်ရှု့သူ ၁ သန်းကျော်သွားတဲ့ နန်းဆုရတီစိုး ရဲ့ သီချင်းအသစ် 

Photo: G Fatt Page

 

အဆိုတော် G Fatt ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ကိုလည်း ချစ်သူလေး နန်းဆုရတီစိုးက အခုလို ကြေညာ မောင်းခတ်ခဲ့ပါသေးတယ်။ လက်မှတ်တွေ အမြန်ဆုံး ဝယ်ယူဖို့ကိုလည်း အောက်တိုဘာလ ၂၈ ရက်နေ့ ည ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

''၁၁လပိုင်း ၁၁ရက်နေ့ အတွက်ကြိုတင်လက်မှတ်တွေ ဝယ်ပြီးကြပြီလားဗျို့ မဝယ်ရသေးရင် ပြေးဝယ်လိုက်ကြဦးနော်။ ကိုယ့်ဆီမှာ ကြိုတင် လက်မှတ်မှာ ထားကြတဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းရောင်းရင်းတွေကတော့ ကိုယ်ရှိတဲ့နေရာတွေကို ဖုန်းဆက်ပြီးလာယူပေးကြ နော်'' လို့ ဆိုပါတယ်။

Photo: G Fatt Page

 

G Fatt ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၆ နာရီ အချိန် ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်သွားမယ် လို့ သိရပါတယ်။ G Fattဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။

Share

Loading Next Article...
က္က