တောရိုင်းတိရစ္ဆာန်တွေအသတ်ခံရတာတွေကို ကာကွယ်ဖို့ပါ။

တောရိုင်းတိရစ္ဆာန်ထွက်ကုန်တွေကို တရားမဝင်ရောင်းဝယ်နေမှုကို တားဆီးဖို့အတွက် မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင်သတ်ဖြတ်နေတာတွေနဲ့ ပါတ်သတ်ပြီးတော့ လူထုအသိပညာပေးမှုတွေ မြှင့်တင်ဖိုတောကောင်လေးတို့အတွက် ရင်တွင်းစကားသံ ဆိုတဲ့ ပွဲကို လာမယ့် နိုဝင်ဘာလမှာကျင်းပပြုလုပ်မယ်လို့ ပွဲကျင်းပရေးကော်မတီကနေ အောက်တိုဘာ ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

30571713_165309480850671_8931616587769708544_n.jpg 

အစိုးရအဖွဲ့ကနေ ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်က မြန်မာ့တောရိုင်းတိရစ္ဆာန် တွေကို တားဆီးပိတ်ပင်တဲ့ထုတ်ပြန်ချက်က မြန်မာ့တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ပြုလုပ်နေတဲ့ကမ်ပိန်းရဲ့ အောင်မြင်မှုဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင်သတ်ဖြတ်နေတာတွေကို တားဆီးဖို့အတွက် မိုမိုတို့အတွက် ရင်တွင်းစကားသံဆိုတဲ့ကမ်ပိန်းကို ပြုလုပ်နေတာဖြစ်ပြီးတော့ အရှိန်အဟုန်မြှင့်တင်ဖို့အတွက် ကျင်းပမှာဖြစ်ပါတယ်။

 

အဆိုပါကမ်ပိန်းအတွက် ဖျော်ဖြေပွဲကိုလည်း ပြုလုပ်မှာဖြစ်ပြီးတော့ အနုပညာရှင်တွေရဲ ဖျော်ဖြေမှုတွေပါပါဝင်မယ်လို့ သိရပါတယ်။ ကမ်ပိန်းမှာ Street artist ဖြစ်တဲ့အာကာကျော်ကလည်း ပါဝင်သွားမှာဖြစ်ပြီးတော့ ဖန်တီးမှုတွေနဲ့ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

World Wide Fund for Nature ကနေ ဦးစီးကျင်းပမှာဖြစ်ပြီးတော့ ယမန်နှစ်ကလည်း တောရိုင်းဆင်တွေအသတ်ဖြတ်ခံရတာနဲ့ ပါတ်သတ်ပြီး ရန်ကုန်မြို့ကဗန္ဒုလပန်းခြံမှာကျင်းပခဲ့ဖူးပြီးတော့ မြန်မာနိင်ငံက စက္ကူရုပ်ပညာရှင်နဲ့ street artist အာကာကျော်တို့ပူးပေါင်းဖန်တီးထားတဲ့ စက္ကူဆင်ရုပ်ကလည်း ဂင်းနစ်စံချိန်ဝင်ခဲ့တာဖြစ်ပါတယ်။



 

Share

Loading Next Article...
က္က