ဂိုးပေါက်တင်မဟုတ်ဘဲ ယုံကြည်မှုပါပျောက်ဆုံးနေတယ်လို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုက လူကာကူအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဂိုးပေါက်ပြန်လည်ရှာမတွေ့မချင်း ဘဝက ၎င်းအတွက် အပြောင်းအလဲရှိလာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ လူကာကူဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲစလုံးမှာ ဂိုးပေါက်ပျောက်ဆုံးနေသူဖြစ်ပါတယ်။

gettyimages-1054681970.jpg

Photos: Metro

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အဲဗာတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲစဉ်မှာ လူကာကူဟာ ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး အရန်ခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။

ဟက်ထရစ်သွင်းခဲ့တဲ့ ဆွာရက်ဇ်ရဲ့စွမ်းဆောင်ရည်ဟာ သာမန်ပဲလို့ ပြောလိုက်တဲ့ ဗယ်ဗာဒီ 

အဲဗာတန်အသင်းနဲ့ပွဲစဉ်မတိုင်မီ နည်းပြမော်ရင်ဟိုက လူကာကူနဲ့ပတ်သက်ပြီး ပြောကြားခဲ့ရာမှာ လူကာကူဟာ ဂိုးတွေကိုသာ ပျောက်ဆုံးနေတာမဟုတ်ဘဲ ယုံကြည်မှုလည်း ပျောက်ဆုံးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

Photos: TEAMtalk

 

ပေါ့ဂ်ဘာ၊ မာရှယ်တို့ရဲ့သွင်းဂိုးတွေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အနိုင်ရရှိခဲ့ပြီး လူကာကူဟာ ပွဲပြီးဆုံးခါနီး ၂၅ မိနစ်ခန့်အလိုမှသာ လူစားဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုက လူကာကူရဲ့ အသင်းမှာ ပါဝင်ကစားပေးနေတာနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိကြောင်းနဲ့ ဂိုးပေါက်နောက်တစ်ခါပြန်တွေ့တဲ့အခါကျရင် လူကာကူရဲ့ဘဝဟာ ပြောင်းလဲသွားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

"သူ တစ်ဂိုးသွင်းလိုက်တဲ့အခါကျရင် သူ့အတွက် ဘဝက ပြောင်းလဲလာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်"

"အခုအချိန်မှာတော့ သူ ဖိအားတွေအောက်ရောက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါက ပုံမှန်အားဖြင့် တိုက်စစ်မှူးတွေ သူတို့ဘာသာ ဖိအားတွေကို သူတို့ပေါ်တင်ထားပြီး နောက်ထပ် ဖိနှိပ်မှုတွေပါ ထပ်ပေါင်းတတ်တာမျိုးဆိုတာ သိသာပါတယ်။ အဲဒီတော့ တိုက်စစ်မှူးတွေအတွက်ကတော့ သူတို့ ဂိုးမသွင်းနိုင်တဲ့အချိန်ဟာ တော်တော်မလွယ်ကူတဲ့ဘဝပါပဲ"

"သူလည်း အဲဒီလိုမျိုး နည်းနည်းခံစားနေရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူ ပွဲစဉ်အတွင်းကို ကောင်းမွန်တဲ့ရွေ့လျားမှုနဲ့ ဝင်လာခဲ့ပါတယ်"

"လူကာကူဟာ ကောင်းမွန်တဲ့ ခံယူချက်ကို ပြသခဲ့ပြီး ဘောလုံးကို အဆုံးရှုံးမခံခဲ့ပါဘူး။ သူ့ရဲ့ပထမဆုံးထိချက်က ပိုတောင်ကောင်းပါသေးတယ်။ သူ့ရဲ့စိတ်ခံစားမှုကို ဒီထက်ပိုများများ ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် သူ ပိုပြီးကောင်းမွန်လာပါလိမ့်မယ်"

"မကြာခင်မှာ သူ ဂိုးတွေပြန်စသွင်းတော့မယ်ဆိုတာ ကျွန်တော် သံသယမဖြစ်မိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က