ဟာသ သရုပ်ဆောင် ကစ်ကစ်ဟာ ရန်ကုန် နာရေးကူညီမှု အသင်းက ဖွင့်လှစ်တဲ့ သုခဆေးခန်းမှာ ကျန်းမာရေး စစ်ဆေးမှု ခံယူနေရတယ် လု့ိ အနုပညာသစ်ပြတိုက် ဖောင်ဒေးရှင်းက ကိုမင်းကိုက ပြောပြလာပါတယ်။ ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေ အနေ တွေကိုလည်း ဆက်လက် ပြောပြထားပါတယ်။
Photo: မင်းကို ဖေ့စ်ဘွတ်
ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေအနေကတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ရန်ကုန် နာရေးကူညီမှု အသင်းက ဖွင့်လှစ်တဲ့ သုခဆေးခန်းမှာ ကျန်းမာရေး စစ်ဆေးမှု ခံယူနေ တယ်လို့ အနုပညာပြတိုက် ဖောင်ဒေးရှင်းက ကိုမင်းကို က ပြောပြထားပါတယ်။
'' သူကဟာသသရုပ်ဆောင်ဖြစ်တော့ စိတ်ဆောင်နေလို့သာသူ့ဗီဇအရ လာသမျှဧည့်သည်တွေကို အရွှန်းဖောက်ပြီးဟာသတွေ လုပ်လုပ်ပြ နေတာ တကယ်တော့ သူဝေဒနာကဆိုးသထက်ဆိုးရွားလာနေတယ်။ ကျောက်ကပ်ပျက်စီးနေပြီဆိုတော့ ခန္ဒာကိုယ်ထဲမှာလည်ပတ်နေတဲ့ အဆိပ်တွေကို ကျောက်ကပ်ကမစစ်ထုတ်နိုင်တော့ဘူး။ ကျောက်ကပ်မကောင်းတော့ ဆီးဝမ်းကလည်းမမှန်တော့ဘူး ဗိုက်ကြီးကပူတင်းပြီး အဆုပ်ထဲမှာလည်းရေဝင်ဝင်လာတယ်။ ပက်လက်အိပ်လို့မရတဲ့အနေထားဖြစ်နေတယ်။ တစ်ကိုယ်လုံးဖောရောင်နေပြီး သွေးစစ်မယ်ဆိုရင် သွေးကြောကိုတော်တော်ကြိုးစားရှာရတယ်'' လို့ ဆိုပါတယ်။
Photo: မင်းကို ဖေ့စ်ဘွတ်
ဟာသသရုပ်ဆောင်ကစ်ကစ်ကို ကျန်းမာရေးထောက်ပံ့ငွေလှူခဲ့တဲ့ စည်ဖြိုး
ကစ်ကစ်ဟာ ကျောက်ကပ်ဆေးချင်ပေမယ့်လည်း ငွေကြေးမပြည့်စုံတဲ့ အနေအထားကြောင့် ကုသမှု မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ ကျောက် ကပ်အစားထိုး ကုသပါက ၅ နှစ်ထက်ပို မနေရနိုင်ဘူးလို့လည်း ကိုမင်းကိုက အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ် မှာ ဆက်လက်ပြောပြထားတာ တွေ့ရပါတယ်။
'' မကစ်ကစ်ကကျောက်ကပ်ရောဂါတစ်မျိုးတည်းခံစားနေရတာမဟုတ်ဘူး ကျောက်ကပ်သွေးတိုး နှလုံးနဲ့အဆုပ်ထဲပါရေ ကဝင်ဝင်နေတာဆို တော့ နေရမယ့်သက်တမ်းကို စဉ်းစားလို့ရနေပါတယ်။ ကျောက်ကပ်ကလည်းမဆေးရသေးဘူး ဒီတိုင်းသာဆက်သွားနေမယ် ဆိုရင်တော့ မတွေးဝံ့စရာပါ'' လို့ ဆိုပါတယ်။
Photo: မင်းကို ဖေ့စ်ဘွတ်
အနုပညာကိုလည်း ရူးသွပ်သူဖြစ်တစ်ဦးဖြစ်တဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ ဆန္ဒတွေကိုလည်း ကိုမင်းကို က အခုလို ပြောပြထားတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ကစ်ကစ်ရဲ့ ရောဂါအတွက် ကုသမှုပေးနိုင်မယ့် အလှူရှင်တွေ အများကြီး လိုအပ်နေတယ် လို့လည်း ပြောပြခဲ့ပါတယ်။
''သူကျောက်ကပ်လည်းဆေးချင်တယ်။ ကျောက်ကပ်လှူပေးမယ့်သူ ခွဲတာစိတ်တာတွေလှူပေးမယ့်အလှူရှင်ရှိမယ်ဆိုရင် သူ့ကျောက်ကပ်ကို သူအစားထိုးချင်ပါတယ်တဲ့။ သူ့သမီးလေးဘဝရှေ့ရေးကရှိသေးတယ်။ သူ့ကိုအားပေးချစ်ခင်ကြတဲ့ ပရိတ်သတ်ကြီးကိုလည်းဟာသ တွေနဲ့ ဖျော်ဖြေချင်ပါသေးတယ်တဲ့'' လို့ သူကဆိုပါတယ်။
Photo: မင်းကို ဖေ့စ်ဘွတ်
သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။