"ဖေ့စ်ဘွတ်မှာ ဂယက်ထသွားတဲ့အပေါ်တော့ ဘာမှ ထွေထွေထူးထူးမရှိပါဘူး။ ကျွန်တော်တို့က သူများအကြောင်း ပြောတာမှ မဟုတ်တာ။ ကိုယ့်ထမင်းကိုယ်စားနေတဲ့အတွက် ဘယ်သူကိုမှ ကြောက်စရာတော့ မရှိဘူး။ သူများအကြောင်း ပြောမှ သာ ကျွန်တော်တို့က ကြောက်ရမှာ"
Photo : ပိုင်တံခွန် FB
သူငယ်ချင်း ဟိန်းမင်းသူရဲ့ ေ့ဖစ်ဘွတ်အကောင့် ဟက်ခံရပြီး နောက်ပိုင်းမှာ ပိုင်တံခွန်နဲ့ ဟိန်းမင်းသူတို့ ပြောထားတဲ့ Chat Box က စာတွေတော်တော်များများ အွန်လိုင်းစာမျက်နှာပေါ်တွေမှာ ပြန့်သွားခဲ့ပါတယ်။ ပိုင်တံခွန်ပြောထားတဲ့ စကားတွေထဲက စကားတချို့ကိုလည်း Troller တွေက ဝိုင်းပြီး troll ထားကြပါတယ်။
Photo : ပိုင်တံခွန် FB
အဲ့ဒါတွေနဲ့ ပတ်သက်ပြီး ပိုင်တံခွန်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာလည်း ပရိသတ်တွေကို ပြန်ပြီး ရှင်းပြထားတာမျိုး မရှိခဲ့ပါဘူး။
"ဖေ့စ်ဘွတ်မှာ ဂယက်ထသွားတဲ့အပေါ်တော့ ဘာမှ ထွေထွေထူးထူးမရှိပါဘူး။ ဒါကတော့ ကျွန်တော်တို့ အနုပညာရှင်တွေ အခုမှ ခံနေရတာ မဟုတ်ဘူးလေ။ နောင်နှစ်ပေါင်းများစွာလည်း ကျွန်တော်တို့ ခံနေရမှာပဲ။ ဖေ့စ်ဘွတ်ကို သတိထားပြီး သုံးဖြစ်လား။ အရင်ကထက်တော့ ဆင်ခြင်ဖြစ် တာပေ့ါ။ ဒီလောက်ပါပဲ တခြား ထွေထွေထူးထူးတော့ မရှိပါဘူး။ လူတိုင်းမှာ သူ့ရဲ့ Privacy ဆိုတာ ရှိတယ်။ ဒါကျွန်တော်တို့ရဲ့ Privacy ။ လူတိုင်း ပြောနေတဲ့ ကိစ္စတွေပဲ၊ ကျွန်တော်တို့က သူများအကြောင်း ပြောတာမှ မဟုတ်တာ။ကိုယ့်ထမင်းကိုယ်စားနေတဲ့အတွက် ဘယ်သူကိုမှ ကြောက်စရာတော့ မရှိဘူး။ သူများအကြောင်း ပြောမှ သာ ကျွန်တော်တို့က ကြောက်ရမှာ။ " ဆိုပြီး အောက်တိုဘာ(၂၇) ရက်နေ့က ပြုလုပ်ခဲ့တဲ့ CLover ဆိုင်ဖွင့်ပွဲမှာ မီဒိယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
Photo : ပိုင်တံခွန် FB
ဖေ့စ်ဘွတ်အကောင့် အဟက်ခံလိုက်ရတဲ့ ဟိန်းမင်းသူ
သူ့အနေနဲ့Social Media ကို ပရိသတ်တွေနဲ့ ချိတ်ဆက်မိအောင်လို့သာ အသုံးပြုနေတာဖြစ်ပြီး အခုနောက်ပိုင်းတော့ ဖေ့စ်ဘွတ်သုံးတဲ့အခါ အရင်ကထက် ဆင်ခြင်ပြီးတော့ သုံးဖြစ်တယ်လို့ ဆိုပါတယ်။ ပိုင်တံခွန်က ဖေ့စ်ဘွတ်အကောင့်ဟက်ခံရမှာကို မကြောက်ပေမယ့် ကိုယ်အမြဲ သုံးနေကျ အရာလေးတစ်ခုဆုံးရှုံးသွားမှာကိုတော့ နှမျောမိတယ်လို့ ယင်းအင်တာဗျူးမှာ ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။
"အကောင့်ဟက်ခံရတာမှာတော့ မကြောက်ဘူး။အကောင့်တစ်ခု ဟက်ခံရလည်း ပေ့ချ်အသစ်တစ်ခုဖွင့်ပြီး Boost လုပ်ပြီး ကိုယ့်အကောင့်ကို ကိုယ်ကြေညာလို့ ရတာပဲ။သို့သော်လည်းကိုယ်အမြဲတမ်း သုံးနေကျ ရေမွှေးပုလင်းလေးတစ်ခု ကျကွဲသွားတဲ့ အခါ နှမျောသလိုမျိုးတော့ ကိုယ့်အကောင့်ဟက်ခံလိုက်ရတဲ့အခါတော့ နှမျောမိတာပေ့ါ ။ ဒီလောက်ပါပဲ" လို့ ပိုင်တံခွန်က ဆိုပါတယ်။
Photo : ပိုင်တံခွန် FB
ပိုင်တံခွန်ဟာ မိန်းကလေးပရိသတ်တွေအားပေးမှုအများဆုံးရရှိထားတဲ့ တက်သစ်စအမျိုးသား အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။အခုဆိုရင်တော့ ပိုင်တံခွန်တစ်ယောက် ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးနေရပြီဖြစ်ပါတယ်။ သူပါဝင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီး တွေလည်း ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။
မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေ များလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။
Share