အိမ်အကူဆိုပေမယ့် အိမ်အလုပ်ကို ကူရုံလေး ပဲ ကူပေးရမှာ ဖြစ်ပြီး သမီးလေးကို အဓိက ထိန်းပေးဖို့ပါပဲလို့ မိုးမိုးက ပြောထား ပါတယ်။
Photo : မိုးမိုး FB
အဆိုတော် မိုးမိုးက သမီးလေး မိုးအိမ်မက်လွှာအတွက် ကလေးထိန်းရှာနေတယ်လို့ သိရပါတယ်။ အိမ်အကူ မိန်းကလေး တစ်ယောက် (သို့)နှစ်ယောက်လောက် လိုအပ်နေတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။ အိမ်အကူဆိုပေမယ့် အိမ်အလုပ်ကို ကူရုံလေး ပဲ ကူပေးရမှာ ဖြစ်ပြီး သမီးလေးကို အဓိက ထိန်းပေးဖို့ပါပဲလို့ မိုးမိုးက ပြောထားပါတယ်။
Photo : မိုးမိုး FB
"မိတ်ဆွေ သူငယ်ချင်းများခင်ဗျာ ကလေးလေး ထိန်းပြီး အိမ်ကိစ္စလေး ကူပေးမယ့် အိမ်အကူ မိန်းကလေး ၁ ယောက် (သို့) ၂ ယောက် လိုအပ်နေလို့ပါခင်ဗျာ။ အိမ်အလုပ်ဆိုတာ ကူရုံပါပဲ။ အဓိကကတော့ ကလေးထိန်းဖို့ပါပဲ။ နတ်စ်တွေကလဲ မမြဲတာရော ရေရှည် မလွယ်တာ ရော ကလေးကလဲ။လ အတော်ရလာပြီဆိုတော့ အပြင်လူ ခေါ်ချင်တာပါ။ထိန်းရမယ့်ကလေးလေးကတော့အားလုံးသိတော်မူတဲ့အတိုင်းXoju လေးပါပဲဗျ။လစာ ဘာညာ ကာလာ အနေအထားကတော့095165946 ကိုဆက်ပေးပါဗျ ကူညီလို့ရရင် ကူကြပါဦးဗျ" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၃၀) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
Photo : မိုးမိုး FB
အရင်က အမှားတွေအတွက် ပွင့်ပွင့်လင်းလင်းတောင်းပန်လာတဲ့ မိုးမိုး
အဆိုတော်မိုးမိုး နဲ့ မြတ်ပီတိမိုးတို့ရဲ့ တစ်ဦးတည်းသော သမီးလေး မိုးအိပ်မက်လွှာ ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးကိုတော့ ပရိသတ်တော်တော်များများက ဖေဖေ မိုးမိုးနဲ့ တူတယ်လို့ပြောကြတာကို တွေ့ရပါတယ်။ မိုးအိပ်မက်လွှာ လေးကတော့ အခုဆိုရင် ၇ လပြည့်ပြီးဖြစ်ပါတယ်။
တနင်္ဂနွေမိုးရေစက်များ ဆိုတဲ့ တေးစီးရီးကနေ ပရိ သတ် အားပေးမှုအများကြီးရရှိခဲ့တဲ့ အဆိုတော် မိုးမိုး ကတော့ ဖျော်ဖြေရေးတွေမှာလည်း ပါဝင်သီဆိုနေရသလို၊ Group Song အခွေ တွေမှာ လည်း ပါဝင်သီဆိုနေရတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ EP ဆိုတဲ့ တစ်ကိုယ်တော်အခွေ MTV ရိုက်ဖို့ ဝိတ်ချနေတယ်လို့ ပြောပါတယ်။
Photo : မိုးမိုး FB
အဆိုတော်မိုးမိုးဟာ သူ့ရဲ့တစ်ကိုယ်တော်တေးစီးရီးကိုအတီးပိုင်းတွေပြန်လုပ်ရမှာဖြစ်တဲ့အတွက်သိပ်မကြာဘူးလို့ဆိုပါတယ်။သီချင်းပုံစံ တွေ ကလဲ ပျော်စရာတွေ၊ စိတ်ညစ်စရာအကြောင်းတွေပါဝင်တာကြောင့် ကိုယ်ပိုင်ခံစားချက်မဟုတ်ပဲ ပရိသတ်တွေ အတွက်သာ ဖန်တီးထားတာ ဆိုပြီးတော့လည်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။