လူငယ်ကစားသမား ဆန်ချို ပါ။

အင်္ဂလန်အသင်းရဲ့ နောက်ဆုံးထွက်ကုန်တစ်ခုဖြစ်တဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး ဆန်ချိုဟာ လာမယ့်ရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ရောက်ရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။ ဒေါ့မွန်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသနေတဲ့ ဆန်ချိုဟာ မန်ချက်စတာစီးတီးအသင်းကနေ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။


Photo : Sportbible

 

ဒီရာသီမှာ ဒေါ့မွန်အတွက် ဆန်ချိုက (၅)ပွဲ ပွဲထွက်ပါဝင်ကစားပေးထားပြီး (၅)ဂိုးသွင်းယူထားကာ ဂိုးဖန်တီးမှု (၈)ကြိမ်အထိ ပြုလုပ်ပေးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဟာသာဘာလင်နဲ့ ဘွန်ဒက်လီဂါပွဲမှာလည်း ဆန်ချိုက ဒေါ့မွန်အတွက် တစ်ဦးတည်း (၂)ဂိုး သွင်းယူပေးခဲ့ပါတယ်။  အသက် (၁၈)နှစ်အရွယ် ဆန်ချိုဟာ ခြေစွမ်းပြသနိုင်မှုကြောင့် အင်္ဂလန်အသင်းမှာပါ ရွေးချယ်ခံနေရပြီ ဖြစ်ပါတယ်။

"ဗီချိုင်းက ကျွန်တော့် ဖခင်တစ်ယောက်လိုပါပဲ၊ ခုဆို ညဘက်တွေ အိပ်မရတော့ဘူး" - မာရက်ဇ် 

အသက် (၁၈)နှစ်သာ ရှိသေးတဲ့ လူငယ်ကစားသမားလေးဟာ မန်စီးတီးအသင်းမှာ ပုံမှန်ကစားခွင့်မရခဲ့လို့ အသင်းပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒေါ့မွန်မှ ထူးရှယ်ခြေစွမ်းတွေ ပြသနေခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ သက်တမ်းအလိုက် အသင်းတွေမှာလည်း ဆန်ချိုက အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး အခုဆိုရင် စီနီယာအသင်းကြီးအတွက် တစ်ပွဲ ပါဝင်ကစားပေးထားပြီး ဖြစ်ပါတယ်။

Photo : Sportbible

 

လောင်းကစားဒိုင်များရဲ့ အလေးပေးမှုမှာ ဆန်ချိုကို ရရှိဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ၂လေး၁လေးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး အသင်းဟောင်းမန်စီးတီးက ၃လေး၁လေး၊ လီဗာပူးလ်က ၅လေး၁လေး၊ ချယ်လ်ဆီးက ၁၀လေး၁လေး၊ စပါးအသင်းက ၁၂လေး၁လေး၊ အာဆင်နယ်အသင်းက ၁၆လေး၁လေးနဲ့ အသီးသီး ရေပန်းစားနေခဲ့ပါတယ်။

ပြည်ပကို ထွက်ကစားတဲ့ အင်္ဂလန်ကစားသမား အနည်းငယ်ထဲမှာမှ ဆန်ချိုကလည်း အောင်မြင်တဲ့ ကစားသမားသမားဘဝကို ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မွန်နည်းပြ ဖာဘရီရဲ့ ကိုင်တွယ်ထိန်းသိမ်းမှုအောက်မှာ ဆန်ချိုက ကျော်ကြားလာခဲ့ပြီး ဥရောပရဲ့ အထွန်းတောက်ဆုံး လူငယ်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က