သူမရဲ့ ကျေးဇူးရှင် ဆရာပါတဲ့။

အဆိုတော် ရတနာမိုင်က သူမသီချင်းတွေ စဆိုခါစကတည်းက လက်တွဲခေါ်ယူပေးခဲ့တဲ့ ဆရာတစ်ဦးဖြစ်တဲ့ ဟဲလေးကို ဒီနေ့(အောက်တိုဘာ ၃၀ ရက်)မှာ သွားရောက် ကန်တော့ခဲ့တယ်လို့ သိရပါတယ်။

Photo : ရတနာမိုင် FB

 

အဆိုတော် ရတနာမိုင်က သူမသီချင်းတွေ စဆိုခါစကတည်းက လက်တွဲခေါ်ယူပေးခဲ့တဲ့ ဆရာတစ်ဦးဖြစ်တဲ့ ဟဲလေးကို ဒီနေ့(အောက်တိုဘာ ၃၀ ရက်)မှာ သွားရောက် ကန်တော့ခဲ့တယ်လို့ သိရပါတယ်။ ဟဲလေးဟာ သူမအတွက် ကျေးဇူးရှင်  သင်ဆရာမြင်ဆရာ တစ်ယောက်ဖြစ် တယ်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ပြောထားတာတွေ့ရပါတယ်။

Photo : ရတနာမိုင် FB

 

"မိုင်လေး သီချင်းစဆိုခါစ လက်တွဲခေါ်ယူပေးခဲ့တဲ့ မိုင်လေးရဲ့ကျေးဇူးရှင် သင်ဆရာ မြင်ဆရာ ကိုကြီးဟဲလေး နဲ့ မမလင်းတို့ဇနီးမောင်နှံကို ဂါရဝပြု ကန်တော့ရင်း ပျော်ပျော်ပါးပါးစားကြသောက်ကြစဉ် " ဆိုပြီး အောက်တိုဘာ(၃၀) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ဟဲလေးတို့နဲ့ ပုံလေးကို တင်ရင်း ပြောထားတာ ဖြစ်ပါတယ်။

Photo : ရတနာမိုင် FB

ကျေးဇူးသိတတ်တဲ့ ရတနာမိုင်အတွက် အဆိုတော်ဟဲလေးကလည်း အတိုင်းမသိ ဝမ်းသာကြည်နူးရပါတယ် ဆိုပြီး ပြောထားတာ တွေ့ရပါ တယ်။

"ချစ်ခင်ရတဲ့ညီမ...မိုင်လေး မိဘဆရာသမားတွေကို..ရိုသေသိတတ်ပြီး တိုးတက်ကြီးပွားအောင်မြင်နေတာတွေ့ရတော့ အတိုင်းမသိ ဝမ်းသာကြည် နူးရပါတယ်" ဆိုပြီး ဟဲလေးက သူ့ရဲ့ ဖေ့စ်ဘွတ်က အောက်တိုဘာ(၃၀) ရက်နေ့မှာ ပြန်ရေးထားတာတွေ့ရပါတယ်။

Photo : ရတနာမိုင် FB

သီချင်းတောင်းဆိုမှု အခံရဆုံး အမျိုးသမီးတေးသံရှင်ဆုရရှိခဲ့တဲ့ ရတနာမိုင် 

ဆရာတပည့်နှစ်ဦးရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးလို့ နေကြပါတယ်။ ရတနာမိုင်ဟာ ဂီတလောကမှာ တစ်ခေတ် တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် မိုင်ရဲ့ သမီးလည်း ဖြစ်ပါတယ်။ သူမရဲ့ လက်ထပ်မှာလည်း မိခင်ရဲ့ ဂီတအမွေကို ဆက်လက်ထိန်း သိမ်းထားနိုင်သူ တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။

Photo : ရတနာမိုင် FB

တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားသလို အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူလည်း ဖြစ်ပါတယ်။ ဂီတနဲ့ ပတ်သက်ပြီးတော့လည်း ဆုတံဆိပ်တွေရရှိထားသူပါ။ လက်ရှိမှာလည်း ဖျော်ဖြေရေးပွဲတွေ သွားနေရပြီး ပရိသတ်တွေအတွက် သီချင်းသစ်တွေ ဖန်တီးနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က