အောက်တိုဘာလဆန်းပိုင်းက ဈေးကွက်ထဲ ရောက်လာတဲ့ Pixel 3 XL ဖုန်းတစ်ချို့ရဲ့ screen ဘေးနားမှာ နောက်ထပ် notch တစ်ခု တက်လာနေတယ်လို့ဆိုပါတယ်။
ပုံရိပ်ယောင် virtual notch အနေနဲ့ထွက်လာတဲ့ ဒုတိယ notch ပြဿနာဟာ တစ်ချို့Pixel 3 XL မှာ ယာယီပဲ ကြုံတာ ဖြစ်ပြီး ဖုန်းကို restart ပေးလိုက်တာနဲ့နဂိုအတိုင်း ပြန်ကောင်းသွားတာတွေ ရှိနေပါတယ်။ notch အပို တက်လာတဲ့ ပြဿနာဟာ ဖုန်း screen ရဲ့ ညာဘက်ခြမ်းဘောင်မှာ တက်လာတာ ဖြစ်ပြီး ဒီပြဿနာ ကြုံတဲ့သူက သိပ်အများကြီးတော့ မဟုတ်ဘူးလို့ဆိုပါတယ်။
Pixel 3 XL မှာ notch ကို ရှေ့ခြမ်း dual selfies ကင်မရာနဲ့အာရုံခံ sensor တွေ ထည့်သွင်းဖို့သုံးထားတာ ဖြစ်ပါတယ်။ အခု တက်လာတဲ့ အပို notch ကတော့ ဆော့ဖ်ဝဲလ်အမှားတစ်ခုခုကြောင့် ဖြစ်ဖို့ရှိနေပါတယ်။ ဒီအမှားကို ဖုန်းရဲ့ developer settings မှာ ပြင်တာ ၊ restart ချတာနဲ့ရှင်းနိုင်တယ်လို့ဆိုပါတယ်။ Googleကလည်း ဒီပြဿနာကို သိထားပြီး မကြာခင်မှာ ဆော့ဖ်ဝဲလ် update နဲ့ ဖြေရှင်းပေးသွားမယ်လို့ထုတ်ပြန်ထားပါတယ်။
Google ဟာ ဒီနှစ်ထဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး notch ပါတဲ့ Pixel 3XL ကို မိတ်ဆက်ခဲ့ပြီး Pixel 3 ကိုတော့ notch မပါတဲ့ ရိုးရိုး screen နဲ့ထုတ်ခဲ့တာပါ။ ဒီဖုန်းတွေဟာ ရှေ့ခြမ်း 8MP dual ကင်မရာတွေ ပါရှိပြီး အဆင့်မြှင့်ထားတဲ့ ကင်မရာစနစ်တွေ ပါရှိထားပါတယ်။
ကင်မရာစနစ်ပိုင်းမှာ ပုံတွေအများကြီးကနေ အကောင်းဆုံး ပုံကို ဆွဲထုတ်ပေးမယ့် Top Shot ကင်မရာစနစ်၊ ဖရိမ်အများကြီးနဲ့AI ကို သုံးပြီး zoom မဆွဲရဘဲနဲ့ရှင်းလင်းပြတ်သားတဲ့ ပုံထွက်လာစေမယ့် Super Res Zoom ၊ ပြုံးပြမယ့် အလိုအလို ဆယ်လ်ဖီဆွဲပေးမယ့် Photobooth စတဲ့ features တွေနဲ့လာတာ ဖြစ်လို့စမတ်ဖုန်းကင်မရာသမားတွေ စိတ်လှုပ်ရှားစေမှာပါ။
Photo: Business Insider
Google Pixel 3 နဲ့Pixel 3 XL ဟာ ဆော့ဖ်ဝဲလ်စနစ်မှာ Google ကနေ နောက်ဆုံး မိတ်ဆက်ထားတဲ့ Android 9 Pie ကို အရင်ဆုံး သုံးတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာတစ်ချက်က Android 9 Pie ဟာ notch ပါတဲ့ ဖုန်းတွေမှာ ကြုံရတဲ့ ပြဿနာကို ရှင်းဖို့ထွက်လာတာ ဖြစ်ပါတယ်။