ယနေ့အထိ ရှုံးပွဲမရှိသေးပါဘူး။

မန်ချက်စတာစီးတီးအသင်းရဲ့နောက်ခံကစားသမား အူမရစ်လာပိုပတ်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်ကစားခဲ့တဲ့ ကစားသမားတွေအားလုံးထက် ပိုမိုကောင်းမွန်တဲ့ စံချိန်သစ်တစ်ရပ်ကို ရေးထိုးနိုင်ခဲ့ပါတယ်။ လာပို့တ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အက်သလက်တစ်ဘီလ်ဘာအိုအသင်းကနေ ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

51C6F75C00000578-0-image-a-13_1540853329941.jpg

Photos: Daily Mail

မန်ချက်စတာစီးတီးအသင်းဟာ အူမရစ်လာပို့တ် ပွဲထွက်ပါဝင်ကစားပေးခဲ့ချိန်ကစပြီး ယနေ့အချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲတစ်ပွဲမှ မရှိသေးဘဲ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လာပို့တ်ဟာ မန်ချက်စတာစီးတီးအသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၉ ပွဲအထိ ကစားပေးထားပြီး ၁၇ ပွဲနိုင် ၂ ပွဲသရေရလဒ်ရရှိထားသူဖြစ်ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

ယင်းရလဒ်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ စံချိန်သစ်တစ်ခုဖြစ်လာခဲ့ပြီး မည်သည့်ကစားသမားတွေထက်မဆို ပွဲပိုမိုကစားပြီး ရှုံးပွဲလုံးဝမရှိတဲ့ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ လာပို့တ်ရဲ့နောက်မှာ မန်စီးတီးအသင်းဖော်ဖြစ်တဲ့ နောက်ခံကစားသမား ဘင်ဂျမင်မန်ဒီကလည်း ၁၄ ပွဲကစား ၁၁ ပွဲနိုင် ၃ ပွဲသရေရလဒ်နဲ့ ဒုတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

Photos: Daily Mail

 

မန်ချက်စတာစီးတီးအသင်းဟာ ယမန်နေ့ညနေက ဝင်ဘလေကွင်းမှာ တော့တင်ဟမ်ဟော့စပါးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ယင်းပွဲစဉ်မှာ လက်စတာစီးတီးအသင်းကနေ ပြောင်းရွှေ့လာတဲ့ တောင်ပံကစားသမား မာရက်ဇ်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လာပို့တ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ပြိုင်ပွဲအတွက် ပြင်သစ်လက်ရွေးစင်အသင်းရဲ့ပဏာမလူစာရင်းမှာ ချန်လှပ်ခံခဲ့ရသူဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းရဲ့အသင်းခေါင်းဆောင် ကွန်ပနီ ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့အချိန်မှာ အသင်းအတွက် အကောင်းဆုံးပုံစံနဲ့ ပွဲထွက်ကစားပေးခဲ့သူဖြစ်ပါတယ်။

Share

Loading Next Article...
က္က