တစ်နေ့ တစ်နေ့ မျက်ရည်ကျခဲ့ရတာ မနည်းတော့ပါဘူး။

အေးဝတ်ရည်သောင်းက အနုပညာအလုပ်အပေါ် အရမ်းရူးသွပ်သူတစ်ယောက်ဖြစ်ပါတယ်။ သူဝါသနာပါတဲ့ အလုပ်အပေါ် အိပ်မက်တွေ မက်ခဲ့ဖူးပြီး ရည်မှန်းချက်တွေ ထားခဲ့ဖူးတဲ့ အကြောင်းကိုလည်း အခုလို ရင်ဖွင့်ပြောပြထားတာ တွေ့ရပါတယ်။



Photo: အေးဝတ်ရည်သောင်းဖေ့စ်ဘွတ်

 

သရုပ်ဆောင် အေးဝတ်ရည်သောင်းက သူ့ရဲ့ အနုပညာနဲ့ပတ်သက်ပြီး အခုလို ရင်ဖွင့်ပြောပြထားတာ တွေ့ရပါတယ်။ သူမအနေနဲ့ အနုပညာ အလုပ်ကို ဒုတိယအကြိမ်ပြန်လုပ်ဖြစ်ရင်တောင် ပရိသတ်လက်ခံဖို့ ဆိုတာ အိမ်မက်တောင် မမက်ခဲ့ဖူးဘူးဆိုတာကို အခုလို ပြောပြခဲ့ပါတယ်။

'' ဘဝမှာ အနုပညာအလုပ်နဲ့ ဒုတိယအကြိမ် တစ်ကျော့ ပြန်လက်ခံလာဖို့ဆိုတာ အိပ်မက်အနေနဲ့ပဲရှိခဲ့တာပါ။ လက်တွေ့ဖြစ်လာ နိုင်မယ်လို့ 

စိတ်ကူး လေးတောင်မယဉ်ရဲခဲ့တာတော့ အမှန်ပါပဲ။ အနုပညာရှင်တစ်ယောက်အဖို့ ဒီလိုဆုကြီးက ထီဆုကြီးပေါက် တာ ထက်ပို ကြီးမားပါ တယ်။ နောက်ကွယ်မှာ ကြိုးစားမှုတွေရှိခဲ့ပါတယ်''လို့ ဆိုပါတယ်။

Photo: အေးဝတ်ရည်သောင်းဖေ့စ်ဘွတ်

 

သူမဟာ အနုပညာအလုပ်ကို ဝါသနာပါလွန်းသူ ဖြစ်တဲ့အတွက် တန်ဖိုးထားတယ်၊ ပရိသတ်လက်ခံတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ ကလည်း အစစအရာရာကောင်းမွန်နေဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ နေ့စဉ်နေ့တိုင်းကြုံတွေ့ရတဲ့ အခက်အခဲတွေကို မျက်ရည်တွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းကိုလည်း အခုလိုပြောပြထားတာတွေ့ရပါတယ်။

''ရင်ဆိုင်နိုင်ဖို့သတ္တိပဲအမြဲမွေးခဲ့တယ်။ ရင်ဆိုင်လို့အောင်မြင်တိုင်း ဖြေရှင်းနိုင်တိုင်းလည်း ကိုယ့်ကိုယ်ကို ပိုယုံကြည်လာတယ်။ အလုပ် တွေ မှာ ပိုအဆင်ပြေလာတယ်။ အဲ့ဒီ့အားတွေက အဓိကကတော့ ကျွန်မကို ယုံကြည်ပေးတဲ့သူ (Facebook သုံးသူ)တစ်ဦးတစ်ယောက် ကနေ စ ခဲ့ တာပါပဲ။ တစ်ယောက်စကား တစ်ယောက်နားမှာဆိုသလို့ "ဒီ Facebook ကအမျိုးတွေ" ကြောင့်တစတစ အသိအမှတ်အပြုခံလာရပြီး တစ် ကျော့ ပြန် ဖြစ်လာတဲ့မအေးသောင်းဘဝပါရှင့်'' လို့ ဆက်လက်ပြောပြခဲ့တာပါ။

ဆေးကုသလို့မရနိုင်သေးတဲ့ မျက်စိဝေဒနာခံစားနေရတဲ့ မအေးသောင်း 

Photo: အေးဝတ်ရည်သောင်းဖေ့စ်ဘွတ်

 

အေးဝတ်ရည်သောင်းဟာ သူဝါသနာပါတဲ့ အနုပညာအလုပ်အတွက် အိမ်မက်တစ်ခုမက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအိမ်မက်အတိုင်းဖြစ်လာ ဖို့ကိုလည်း အနုပညာလမ်းကြောင်းပေါ်က အခက်အခဲမှန်သမျှကို ရင်ဆိုင်ကြိုးစားလျှောက်လှမ်းလာခဲ့ရတယ် ဆိုတာကို အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

''ဒါကြောင့်မို့ ဘဝမှာ အိပ်မက်တွေမက်ခွင့်ရှိတယ်။ အခက်အခဲလည်းရှိမယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာ ဘယ်တော့မှမရှိဘူးလို့ ကျွန်မယုံကြည် တယ်။ဒီလို အိပ်မက်တွေဖြစ်ခွင့် ရအောင်ကလဲ ကိုယ့်ရဲ့ဘေးနားက ချစ်ရတဲ့သူတွေရဲ့ အားပေးမှု တွေ ချစ်ခြင်းမေတ္တာ တွေကလဲ မရှိမဖြစ်ပါပဲ'' လို့ သူကဆိုပါတယ်။

Photo: အေးဝတ်ရည်သောင်းဖေ့စ်ဘွတ်

 

မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး မအေးသောင်းက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေ တာ တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်နေရသူပါ။ မအေးသောင်းရဲ့ အနုပညာ သက်တမ်းကတော့ အတော်ကို ကြာနေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က