၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းလိုက်လံဖြေရှင်းပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဖုယွင်စက်ရုံအလုပ်သမားပြသနာကို အောက်တိုဘာ ၃၀ ရက်နေ့ နေ့လယ်၁ နာရီခန့်က ပြေလည်မှုရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။

45176644_2084300278302702_2334415416589287424_n.jpg 

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ အစိုးရဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကနေ စက်ရုံအလုပ်ရှင်တွေနဲ့ တွေ့ဆုံညှိနှိုင်း အပြိးမှာ ဖုယွင်စက်ရုံမှာရှိတဲ့ဆန္ဒပြအလုပ်သမားတွေနဲ့ စက်ရုံအတွင်းက အလုပ်သမားတွေကို အကျေအလည်ညှိနှိုင်းပေးခဲ့တယ် လို့ ထုတ်ပြန်ထားပါတယ်။

“ စေ့စပ်ဖြန်ဖြေရေး သဘောတူညီချက် စာချုပ်လက်မှတ်ထိုးပြီးလို့ရှီရင် အလုပ်ဆက်လုပ်ကိုင်လို့ရမယ်။ ခိုက်ရက်ဖြစ်တာကိုတော့ ကျေအေးအောင်လုပ်လို့ မရပေမယ့် စာချုပ်ချုပ်ပြီးရင်တော့ အလုပ်ပြန်ဆင်းလို့ရပြီ ” လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

လုပ်ငန်းခွင်တည်ငြိမ်ရေးကိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူကြီးကြပ်ပေးမှာဖြစ်ပြီးတော့ စက်ရုံကို လည်ပတ်နိုင်ဖို့ အဆင်ပြေအောင်လုပ်ဆောင်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၉ နာရီမှာလည်း ဒဂုံဆိပ်ကမ်းက အလုပ်သမားညှိနှုန်းဖြန်ဖြေရေးရုံးမှာ အလုပ်ရှင်အလုပ်သမားစည်းကမ်းချက် စာချုပ်ကိုလည်း ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သပိတ်မှောက်အလုုပ်သမားတွေရဲ့ ၇၀ ရက်မြောက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးကို ချီတက်ဆန္ဒပြခဲ့တာဖြစ်ပြီးတော့ ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်ရဖို့အတွက် ချီတက်ခဲ့ပြီးနောက်ဒီလိုဖြေရှင်းခဲ့တာဖြစ်ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ သပိတ်စခန်းဖွင့်ထားတဲ့ ဖုယွင်အထည်ချုပ်စက်ရုံအလုပ်သမားတွေရဲ့ ဆန္ဒပြမှုအတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ စက်ရုံက အလုပ်သမား ၃၀ ကို အကြောင်းမဲ့အလုပ်ထုတ်ပစ်တာကြောင့် သြဂုတ်လ ၂၁ ရက်နေ့ကစပြီး သပိတ်မှောက်ခဲ့တာဖြစ်ပါတယ်။

အလုပ်ထုတ်ခံရသူတွေအပါအဝင် အလုပ်သမား ၅၀၀ လောက်ပါဝင်ပြီးတော့ စက်ရုံရှေ့မှာ သပိတ်မှောက်တာဖြစ်ပီးတော့ အလုပ်သမားတွေကို စည်းကမ်းမလိုက်နာလို့အလုပ်ထုတ်တာဆိုတဲ့ပြောဆိုချက်တွေအပေါ်ကို သပိတ်မှောက်တာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က